"အကို ဆင်း "
"အင်း"
"ခဏပဲ--"
"အင်း ညီ"
ညီက ဆိုင်ကယ်မောင်းလိုက်ရာ လမ်းမကြီးဘက်ရောက်မှ အ.ထ.က (၁) ကျောင်းကြီး၏ အလယ်ပေါက်အရှေ့မှာ ရပ်လိုက်ပြီး ကျွန်တော့်ကိုပါ ဆင်းခိုင်းကာ ပလက်ဖောင်းပေါ်သို့ ခေါ်သည်။
"အကို လာ ဒီမှာရပ်"
"အင်း ညီ"
"အကို ၊အကိုရှေ့က မြင်နေရတဲ့ ဒီ အုပ်ခဲနီနီတွေနဲ့ အဆောက်အဦးကိုလေ ရာပြည့်ဆောင်လို့ ခေါ်တယ်အကိုရ။ဒီအဆောင်ကြီးက ဟိုး ဗြိတိသျှ ခေတ်ထဲက ဆောက်ခဲ့တာတဲ့။ ကျွန်တော်က အလယ်တန်းထိ မြို့မ (အ.ထ.က) မှာ တက်တာလေ ။အထက်တန်းရောက်တော့ ဒီ အ.ထ.က (၁)ကို ပြောင်းလာတာ။အဲ့တုန်းက ဒီအဆောင်ကြီးကို ပြန်ပြီး ဆောက်လုပ်တာလေ ။အစက ဒီအဆောင်ကြီးက ဒီပုံ မဟုတ်ဘူးမူရင်းအဆောက်အဦးက အဝါရောင်တွေသုတ်ထားတဲ့
အဆောက်အဦးကြီး။ ပြီးတော့လေ အကို ဟိုးကိုကြည့်လိုက်--""အင်း--"
"တန်းတန်းနော် အကို"
"အင်းညီ"
အကိုအခု ကြည့်နေတဲ့ တန်းတန်းကို သွားရင်
အလယ်လှေကားကြီး ရှိလိမ့်မယ်။ အလယ်လှေကားကြီးကနေ တက်သွားရင် "အနော်ရထာ ခန်းမ"ဆိုတဲ့ ခန်းမကြီးကို တွေ့ရလိမ့်မယ် ။အဲ့ဒီ့ ခန်းမကြီးကဆုပေးပွဲ အခန်းအနားတို့ စုံညီပွဲတော်တို့ဟောပြောပွဲတို့ ကထိန်တို့ ဘာတို့ကျရင် အကတွေတိုက်တဲ့ ခန်းမကြီး ။ကျွန်တော်တို့ဆို အဲ့ခန်းမကြီးသွားပြီး အကတိုက်တာတို့ ဆုပေးပွဲတို့ သွားကြည့်ကြတာ ကျောင်းကပွဲတိုင်းလေ ။အကို မြင်ယောင်ကြည့်လိုက်---ညီက ပြောပြီး ကျွန်တော့်ကို ပါ မြင်ယောင်ခိုင်းနေပြန်သည် ။ညမှောင်ချိန် ရောက်နေပြီဖြစ်ရျ်
မီးတွေထွန်းထားသည့်တိုင် ယခု ကျွန်တော်ရပ်နေသည့် ပလက်ဖောင်းနှင့် ညီပြသည့် နေရာက
အကွာကြီးမို့ ကျွန်တော် ဘယ်လိုမှ မြင်ယောင်လို့မရပေ။ ညီကိုကြည့်လိုက်တော့ ညီက ပြုံးရယ်နေရျ်ကျွန်တော်လဲ ညီ့ဆန္ဒအတိုင်း လိုက်ရသည်။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...