"အကိုသွားတဲ့လမ်းကိုတော့ သိပါတယ်နော်"
"သိပါ့ ညီိရေ မနေ့ညက အကို goggle mapကနေ ရှာထားတယ်"
"ဟုတ်ပြီ အကို ဟုတ်ပြီိ ။အကို ရှာတာကို မေ့သွားတယ် အဟီး"
ညီိက ကျွန်တော့်အဖြေကို သဘောတကကျဖြစ်ရင်းရယ်နေသည်။
ကျွန်တော်နဲ့ ညီ့ရဲ့ အခန်းဖော်ဘဝလေး ကုန်ဆုံးဖို့ အချိန်က တစ်လပဲ ကျန်တော့သည်။ နောက်လဆို နှစ်ကူးမည့်နောက်ဆုံး စာမေးပွဲကြီး ဖြစ်ရတော့မည် ။ထို့ကြောင့် စာမေးပွဲ မဖြေရခင် ခေါင်းဆေးချင်သည်ဆိုသည့် ကျွန်တော့်စကားကြောင့် ညီက ရွှေသင်းမြို့လေးရဲ့ စပျစ်တွေ စိုက်သည့် စပျစ်ရွာလေး တစ်နည်းအားဖြင့် ရွာတန်းလို့ လူသိများသည့် ရွာလေးကို လိုက်ပို့ဖို့ ဖြစ်လာတော့သည်။
"အခုနေ အကိုသာ ဆိုင်ကယ်မောင်းနေတာမဟုတ်ရင် ညီ့ပါးတွေတော့ အကို့လက်ကြောင့်ရဲနေပြီပဲ အဟင်း---"
"ဟာဗျာ အကိုကလဲ"
ညီက ပြောရင်းဆိုရင်းပင် ကျွန်တော့်ခါးထက်မှာရှိတဲ့ ညီ့ရဲ့ လက်လေးတွေကို ဖြုတ်လိုက်ပြီး ညီ့ရဲ့
ပါးလေးနှစ်ဖက်ကို ကိုင်နေသည်။"အဟား ညီကတော့ တကယ့် ချစ်စရာချစ်မွှေးလေးကွာ"
ညီလုပ်လိုက်တဲ့ တစ်ပိုင်းတစ်စ အပြုအမူလေးတွေကအစ ချစ်ဖို့ကောင်းနေရျ် ညီ့ကို ဆိုင်ကယ် back မှန်ကနေကြည့်ပြီး နှစ်နှစ်ချိုက်ချိုက် ရယ်မိသွားသည်။
"ကျစ်--! မီးပွိုင့် မိရတယ်လို့"
"မွီးပွိုင့်ပွဲ ညီရယ် မိမှာပေါ့ ဒါက အန္တရယ်မရှိအောင် လုပ်တာပဲ "
ညီက ရွာတန်းလမ်းစုံတွင် မီးပွိုင့်မိရျ် ကားတန်းအရှည်ကြီးကို ကြည့်ပြီး စိတ်ညစ်သလို ညည်းညူနေပြန်သည်။
"ဟုတ်ပါပြီ အကိုကတော့ အမြဲဖာပေးနေတာပဲ"
"မဖာပါဘူး ညီရယ် သူတို့လဲ ယဉ်စည်းကမ်း လမ်းစည်းကမ်းအတိုင်း ဆောင်ရွက်တာပဲ"
"ဟုတ်ပါပြီ အကိုပြောသလိုပေါ့ အဟင်း"
ညီက ပြောပြီး သက်ပြင်းကြီးလေးလေးကန်ကန်ချကာ ကားတန်းရှည်ကြီးကို ပြန်ကြည့်နေပြန်သည်။
VOUS LISEZ
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
NouvellesComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...