"ဟဲ့ ဖြေးဖြေးစားပါဟဲ့ ခုနှစ်ရက် ခုနှစ်လီ ငတ်ပြတ်လာတဲ့အတိုင်း"
ချလွတ် ချလွတ် ဟွတ် အဟွတ်ဟွတ်---
"သီးပြီမလား နင်ဟာလေ ပြောလို့တောင်မပြီးသေးဘူးရော့ရော့ ရေမြန်မြန်သောက်လိုက်"
"မဟုတ်ဘူး ----!"
"ဘာလဲ ပါးစပ်ကပြောလေ ငါမသိဘူး"
"ဟဲ့ သူတောင်းနေတာ ရေနွေးဟုတ်တယ်မလား
ရော့--"သူငယ်ချင်းမက ကြောင်အမ်းပြီး ကြည့်နေသည်။
ဟိုအကောင်ကတော့ သူငယ်ချင်းမလက်ထဲက ရေခဲရေဗူးကို ယူပြီးသောက်နေလေသည်။"ဟူး အခုမှပဲ အစပ်ပြေသွားတော့တယ်
ကောင်းလိုက်တာ ဟီးဟီး---
အစပ်စားပြီး ရေနွေးသောက်လိုက်တော့ တစ်မျိုးလေး မဆိုးဘူး အကိုပြောတာ မှန်တာပဲဘာလဲ ဘာကြည့်နေတာလဲ ငါ့ကိုမမြင်ဖူးတဲ့အတိုင်း---"
သူတို့ဘက်ကို ကြည့်လိုက်တော့ နှစ်ယောက်လုံးကသေချာကြီး စိုက်ကြည့်နေသည် ။မစုံစဖူး သုံးယောက်သား အခုမှ ပြန်စုံတာကိုကြည့်နေတော့။
"ဟဲ့ ရေတွေထွက်ကျလာပြီ ရော့ ရော့ တစ်သျှူး"
ဟိုကောင်ဆို သောက်ထားတဲ့ ရေတွေပါ ပြန်ထွက်လာသည်။
"နင် အမှန်အတိုင်းဖြေ နင်နဲ့ ဟိုအကြီးက
ဘာတွေလဲ--?""ဟမ်---? ဘာကို ဘယ်လို"
"နင်မလိမ်နဲ့ ပြော နင်ကွေးနေပြီမလား ဟမ်
ငါ့ကိုပြောစမ်း မဟုတ်ဘူး အဲ့ထက် အဆင့်တက်နေပြီမလား ဟုတ်တယ် သေချာတယ် ဟုတ်တယ်မလား ပြောစမ်း"သူဘာသာမေးသူ့ဘာသာပြန်ဖြေပြီး ခေါင်းတစ်ညိမ့်ညိမ့် ခေါင်းတစ်ခါခါ လုပ်နေတဲ့ သူငယ်ချင်းမကိုကြည့်ပြီး ရယ်ချင်လာသည်
"ဘာကို ကွေးရမှာလဲ နင်စာတွေ /seriesတွေ
ဖတ်တာများနေလို့နေမှာပေါ့ ငါက ကွေးစရာလား ---။ ငါနဲ့ အကိုက ဒီအတိုင်း ရိုးရိုးသားသားပဲ ဘာမှ ကွေးစရာအကြောင်းမရှိဘူး OK"
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...