"အကို ---အကို ဒါက ကျွန်တော့်နေရာ"
ပါးစပ်ထဲ ရောက်လုရောက်ခင် ဖြစ်နေသည့်
တို့ဟူးကြော် ပူပူနွေးနွေးနှင့် အချဉ်စပ်လေးက လမ်းခုလတ်တွင် တစ်ထောက်ကြာရျ်။စားမည့် တို့ဟူးကြော်ကို အချဉ်ခွက်ထဲပြန်ထည့်လိုက်ပြီးမော့ကြည့်လိုက်တော
ကြောင်တောင်တောင်လေးနှင့်ရပ်နေသည့် ကောင်လေးတစ်ယောက်။ဘာလဲ ဆိုတဲ့ သဘော ကျွန်တော်မေးစပ်ပြလိုက်တော့---
ကျွန်တော် ထိုင်နေသည့် စားပွဲနှင့်ခုံကို မျက်စပြစ်ပြပြီး သူ့နေရာဆိုတဲ့သဘော ပြနေလေသည်။
အာ ဒီကောင်လေး ဘာတုန်း ကျွန်တော် ဝင်လာခါစက ဒီနေရာမှာ ဘယ်သူမှ မရှိတာပါ ။မရှိလို့ပဲ ထိုင်ပြီး အကြော်တွေတောင် မှာပြီးရျ် စားနေပြီ။ ဒါကို ဒီကောင်လေးက သူ့နေရာဆိုတော့---
"ညီ မှားနေတယ် ထင်တယ် အကို ဒီိဆိုင်ထဲ ဝင်လာထဲက ဒီနေရာမှာ လူမရှိလို့ ထိုင်လိုက်တာ"
ပြောသာပြောလိုက်ရတယ် သူ့နေရာထပေးဆိုလျှင်လည်း စားလက်စအကြော်ပန်းကန်တွေရော အချဉ်ခွက်ရောနှင့်၊ ဆိုင်ထဲလဲ လူကျနေရျ် စားပွဲဝိုင်းတိုင်းတွင်လဲ လူအပြည့်နှင့် ဆိုတော့ နေရာဖယ်ပေးရအောင်ကလဲမဟုတ်ပြန်။
ထိုမှ ထိုကောင်လေးကလဲ ဟိုကြည့်ဒီကြည့်ကြည့်ပြီး လူရှာနေသည်ထင် တစ်ဆိုင်လုံးကို ပြူးပြူးပြဲပြဲကြည့်ပြီး
"ဟား ဟိုနှစ်ကောင် ဟိုမှာပဲ ရယ်နေတယ်ပေါ့ တွေ့မယ်"
ထိုကောင်လေး ပါးစပ်ကနေ ရပ်နေတဲ့အတိုင်းပြောပြီးကျွန်တော့်ဘက်လှည့်ကာ---
"sorry ---sorry အကိုရာ။ကျွန်တော့် သူငယ်ချင်းတွေ အလာကိုစောင့်ရင်း ဖုန်းထွက်ပြောတာ၊ဝင်လာတာကို မပြောပဲကျွန်တော့်ကို နောက်နေကြသေးတယ်အဟင်း ---တွေ့ပြီပဲ ဟိုဟာတွေနဲ့။ "
ကျွန်တော့်ကိုလဲ တောင်းပန်ရင်း သူ့သူငယ်ချင်းတွေကိုလဲ ခါးလေးထောက်ကာ ကြည့်ပြီး ရန်ထောင်နေသေးသည်။ သူပြောမှ ကျွန်တော်က သူ့နေရာမှာထိုင်မိသွားသည်ပဲ။သေရှာကြည့်မှ ထိုကောင်လေးလက်ထဲ ဆိုင်ကယ်သော့ဖြစ်ပုံရမည့် သော့တွဲလေးရယ် ဖုန်းလေးရယ်နှင့် ဒီကောင်လေး ဖုန်းထွက်ပြောတုန်း ကျွန်တော်ကလဲ လူမရှိဘူးဆိုပြီး ထိုင်မိသွားသလို ဖြစ်နေသည်။
أنت تقرأ
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
القصة القصيرةComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...