အပိုင်း(၁၁)✌️"ကျွန်တော်၏ မြှားနတ်မောင် စစ်ဆင်ရေး---"✌️

107 6 0
                                    

"ညီ လာ ---"

ကန်ဘောင်ဘက်ရောက်တော့ အကိုက ဆိုင်ကယ်ရပ်ပြီး ကန်ဘောင်တစ်ခုအနားသွားဖို့ ခေါ်နေသည်။

"ညီ ခဏနော်--"

လက်ထဲက အထုပ်ကို ဖွင့်ပြီး အကိုက
အနီးအနားက ခွေးတွေကို ခေါ်ပြီး ကျွေးနေသည်။

ဒီအပြုအမူလေးတွေကနေကလဲ အကို့ကို ကျွန်တော်လေးစားရပြန်သည်။ အရင်တစ်လလောက် အကိုနဲ့တွဲသွားတွဲလား လုပ်ထားရျ် အကို့ရဲ့ အကျင့်တွေကို အားလုံးနီးပါးကျွန်တော်အလွတ်ရနေသည် ။လိုမှ စကားပြောတာထက် အကိုက ကျွန်တော့်ကိုဆို ဆက်ရင်ဆက်မိသလို ပြောပြရျ် တော်တော်များများသိနေသည် ။

"ညီရဲ့ စားသောက်ဆိုင်ကအပြန် ပိုလျှံတာတွေကို ပါဆယ်ထုပ်တာ ရှက်စရာမဟုတ်ဘူး
အကို့တို့ ပိုတာ ထုပ်တာပဲ သူများဝိုင်းက ယူတာလဲမဟုတ်ဘူး ခိုးတာလဲမဟုတ်ဘူး။
ဆိုကြပါဆို့ အခု အကိုတို့ ခေါက်ဆွဲကြော်စားတယ်။ ခေါက်ဆွဲကြော်တစ်ပွဲလုံး အကိုတို့ မကုန်ဘူး ဟုတ်တယ်မလား။ အကိုတို့စားထဲက မကုန်ဘူးဆိုတာသိလို့ ခွဲစားတယ် ပိုတာကို ပါဆယ်ထုပ်ခိုင်းတယ် ဒါက ရှက်စရာမှမဟုတ်တာ အကိုတို့ပိုတာ ထုပ်ခိုင်းတာ ။

အကိုတို့ ပြန်လာမယ် လမ်းမှာတွေ့ပါပြီ ။လမ်းဘေးခွေးလေးတွေ ဟိုရှာဒီရှာ စားသောက်နေတာတွေ အဲ့တော့ အကိုတို့ပိုခဲ့တဲ့ အထုပ်ကို ကျွေးလိုက်တော့ သူတို့ဗိုက်မပြည့်သွားဘူးလား။ အကိုတို့လဲ ကုသိုလ်မရဘူးလား ။ ဒါက ကုသိုလ်ပဲညီ ကုသိုလ်ဆိုတာ ယူတတ်ရင်နေရာတိုင်းမှာရှိတယ်ညီတဲ့ ။

ပိုက်ဆံတွေ အထပ်လိုက် လှူနေမှ Liveတွေလွှင့်ပြီး သူများတွေသိအောင် လှူနေမှ ကုသိုလ်ရတာမဟုတ်ဘူး ။ဒါက သူများတွေအားကျအောင်
လုပ်ပြနေတာ ။သူတို့လှူနိုင်တာကို သက်သက်ဇာချဲ့တာညီ ။ အကိုလဲ အရင်တုန်းက ညီ့လိုပဲ စားသောက်ဆိုင်ကအပြန် ပါဆယ်တွေဆွဲရတာ အရမ်းရှက်တာ။ အကို့ဖေက အကိုရှက်မှန်းသိလို့
အမြဲတမ်း ပိုတာတွေ ထုပ်ခိုင်းတယ် အကိုကလဲ
လူပျိုပေါက်ဆိုတော့ ရှက်တာပေါ့။ ဒါနဲ့ပဲ တစ်နေ့ကျတော့ အကို့အဖေကို မေးလိုက်တယ် ။အဖေဘာလို့ပိုတာတွေ ယူလဲပေါ့ ။အဖေက အကို့ကို ဘာမှပြန်မပြောဘူး အကိုတို့အိမ်ပြန်သွားတဲ့ လမ်းက အမှိုက်ပုံကြီးနားမှာ အကို့ကို ချပေးပြီး ခွေးတွေခေါ်ခိုင်းတယ်။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Dove le storie prendono vita. Scoprilo ora