"အကို ရဟတ်စီးကြမလား
ပါတ်သင့်သလောက် ပါတ်ပြီးပြီဆိုတော့--""ညီစီးချင်လို့လား ---?"
"အင်း စီချင်တယ် အကို ဟိုမှာ ကြည့်လေ
ပင်လယ်ဓါးမြတွေရော စက်ဝိုင်းရဟတ်တွေရော
သူများတွေလဲ စီးနေကြတာ စီးချင်စရာကြီး
အကိုတစ်ခါမှ မစီးဖူးဘူးမလား လာလာ အကိုရ
စီးကြမယ် ပျော်စရာကြီးအကိုရ"ကထိန်အလှည့်ကြည့်ပြီးရျ် ကထိန်ပွဲဈေးခင်းကျင်းရာကိုလဲ တစ်ပါတ်ပါတ်ပြီးပြီ။ စားချင်တာတွေကိုလဲ တွေ့သမျှ ဝယ်စားထားရျ် ဗိုက်တွေလဲတင်းကားနေကြပြီ။
အကို့ကို ကြည့်လိုက်တော့လဲ ပွဲဈေးတစ်ပါတ်
ပါတ်ပြီးရျ် မောနေသည် ဖြစ်မည် တစ်ချက်တစ်ချက်အသက်တွေပြင်းပြင်းရှူလို့ နေသည်
အချိန်ကလဲ ညနေခင်းဘက်တောင် ရောက်ပြီဖြစ်ရျ်အလှည့်လိုက်ကြသည့် ကလေးတွေကိုလဲ ဟိုတစ်စုဒီတစ်စုတွင် မြင်နေရသည် ပင်လယ်ဓါးမြ ခြားရဟတ်တွေပေါ်တွင်လဲ စီးသူများနှင့် အသက်ဝင်နေကြပြီဖြစ်ရျ် နှစ်တိုင်း မစီးဖူးသည့် အတိုင်းပင်ရဟတ်စီးချင်နေသည်မို့ အကို့ကို အဖော်ညှိရသည်အကိုက ယခင်နေ့တွေက ဘာလုပ်လုပ် သွက်လက်ပေမယ့် အခုမှ ဘာလို့ မသွက်လက်ရတော့သနည်း--?အစောကလေးတင် ရယ်မောနေတာလေ ယုတ်ချည်းဆိုသလို မျက်နှာပြတ်သွားကြီးက အကို တစ်ခုခုများ ---?!
"အကို နေမကောင်းလို့လား တစ်ခုခု ဖြစ်လို့လားဟင်"
ညီ့အသံကြားမှ ကြည့်နေတဲ့ နေရာစီကနေ
အကြည့်လွှဲပြီး ညီ့ကို ကြည့်လိုက်သည်"မဖြစ်ပါဘူး ညီရယ် တစ်ခါမှ ဒီလောက်မပါတ်ဖူးတော့ ပန်းသွားတာ ညီရဲ့ ခဏလောက်
နားလိုက်ရင် ရတယ် ညီ""အဲ့ဒါဆို အဆောင်ပြန်ကြမလား---?
အကိုပန်းနေပြီဆိုတော့ ရဟတ်လဲ မစီးတော့ဘူးအကို""ရတယ် ညီရဲ့ ညီစီးချင်တာပဲ စီးပါ
အကို ခဏ ဒီအတိုင်းလေး နားလိုက်ရင် ရတယ်"ညီက စိတ်ပူပြီး စိုးရိမ်နေတဲ့ ပုံပေါ်နေရျ် မစီးချင်ဘူးညီဆိုပြီး ညီ့ရဲ့ ထက်သန်နေသည့် စိတ်တွေကိုလဲရိုက်မချိုးပြစ်ချင် ဒီနယ်ခံမဟုတ်ပေမယ့် နယ်ခံဖြစ်တဲ့ ညီ့အတွက် ဒီပွဲက အရေးပါတဲ့ ပွဲဆိုတာကို ညီ့ရဲ့ မျက်လုံးလေးတွေကိုကြည့်တာနဲ့တင် မြင်နေရသည် တစ်နှစ်မှတစ်ခါကြုံရသည့် ပွဲမလို့ ညီက ဒီပွဲကို စိတ်အားထက်သန်နေသည်မဟုတ်လား
BẠN ĐANG ĐỌC
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Truyện NgắnComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...