ရောက်မဆိုက် ပကြီးတို့ပေးလိုက်သည့် စပျစ်သီးတွေကို မေမေ့စီသို့ သွားပို့ဖို့ ဖြစ်လာပြန်သည် ။အကိုက လက်ဆောင်ပေးချင်ရျ် စပျစ်သီးဝယ်မှအမတို့ဖို့ရော ယူသွားဆိုပြီး အတင်းပေးလွှတ်သည်ကြောင့် ရွာတန်းကနေ ပြန်လာသည့်အပြန်လမ်းကတော့ စပျစ်သီးဖာတွေ မာလကာသီးတွေ ဂွေသီးတွေနှင့် ကျွန်တော်တို့ စီးနှင်းလာသည့် ဆိုင်ကယ်လေးက ပြည့်နှက်နေတော့သည် ။အကိုကလဲ မဝယ်ဖူး မဝယ်ဖူးဆိုပြီးအသိမရှိလို့ပဲ ဝယ်လိုက်သည်က ငါးပိသာတောင် ၊blackကွင်းတွေရော ရိုးရိုးစပျစ်တွေရော အစုံဝယ်ပြီးလက်ဆောင်ပေးဖို့ပဲပြင်နေသည်။
အကိုအိမ်ဖို့ကိုတော့ ရိုးရိုးစပျစ်တွေပဲ ဝယ်သည် ။ အကို့အကြိုက်ကလဲ ရိုးရိုးစပျစ် ဖြစ်ရျ် ၊အကို့အိမ်အကြိုက်ကလဲ အကို့အကြိုက်နှင့် တူမည်ဆိုတာကိုတော့ အကို့စကားအသွားအလာတွေကနေ တစ်ဆင့် ကျွန်တော်သိခဲ့ပြီဖြစ်သည် ။ဒါကိုလဲ ပကြီးတို့က အကိုဝယ်သည့် စပျစ်သီးဖိုးသာ ယူပြီး ကျန်တာတွေက လက်ဆောင်ဆိုပြီး ထည့်ပေးနေရျ် အားနာနာနှင့်သာ ယူလာရပြန်သည် ။ 'ညီ့အိမ်ကို ညီစပျစ်သီးသွားပေးရင်အကိုလိုက်ခဲ့မယ်' ဆိုပြီး ပြောသည့် အကိုကလဲအတန်းချိန်ရှိသည်ဆိုပြီး အကို့ အသိဖုန်းလာပြီးထဲကလွယ်အိတ်ဆွဲပြီး လက်ဆောင်ပေးဖို့ စပျစ်သီးတစ်ပွေ့တစ်ပိုက်နှင့် ထွက်သွားပြီဖြစ်သည်။
အခုတော့ ကျွန်တော် တစ်ယောက်ထဲ ။မေမေ့အိမ်သို့ပြန်ပြီး ပေးလိုက်သည့် အသီးတွေကိုလဲ သွားပေးရအုံးမည်။ကိုယ်ကလဲ လက်စွမ်းပြပြီး အပင်ပေါ်ကိုယ်တိုင်တက်ကာ တွေ့သမျှအသီးတွေ ခူးလာခဲ့တော့လဲ အဟင်း---
------------------------------------------------------------
"ညီတောင် ပြန်ရောက်ပြီပဲ"
အဆောင်ရှေ့၌ ညီ့ဆိုင်ကယ်မြင်မှ ညီပြန်လာပြီဆိုပြီးစိတ်ပူတာ ရပ်သွားတော့သည်။
ညနေ အတန်းကပြန်လာပြီထဲက တစ်မျှော်မျှော်ဖြစ်နေတဲ့ ကျွန်တော်ကလဲ ညီ့ကို မျှော်ရလွန်းလို့ လည်ပင်းတောင် ရှည်ထွက်လာပြီးသစ်ကုလားအုတ်ဖြစ်တော့မည် ။ရောက်မဆိုက် "အတန်းရှိတယ်"ဆိုပြီးဝင်လာသည့် ဖုန်းကြောင့် ဆရာ/မတွေကို ပေးဖို့လက်ဆောင်ယူပြီး အတန်းသို့ ပြေးရပြန်သည်။"ညီ့အိမ်ကိုလက်ဆောင်သွားပို့ရင် အကိုလဲ လိုက်မယ်"ဆိုပြီး ပြောထားသည့် စကားကလဲ သဲထဲရေသွန်လိုက်သလို အရာမထင်လိုက်ရျ် ညီနှင့် မလိုက်ရတော့။ညီ့ကို တစ်ခါထဲ ထွက်ကြိုရင်း အောက်ထပ်က အသိကို စပျစ်သီး ပေးဖို့ တစ်ခါထဲ အဆောင်အောက်ထပ်
သို့ ဆင်းလာလိုက်သည်။ ဆင်းလာမှ ညီက ဆိုင်ကယ်ရပ်ပြီး အကိုကြီးတစ်ယောက်နှင့် စကားရပ်ပြောနေသည် ။ညီက ကျွန်တော့်ဘက်ကို ကျောပေးထားရျ်ကျွန်တော့်ကို မမြင်ပေမယ့် ကျွန်တော်က ညီ့ကို မြင်နေရသည်။ ညီက မနက်က ဝတ်ဆုံလေးနှင့်ပင် ဖြစ်သည်။အဝတ်အစားတောင် မလဲပဲ ညီသွားပို့သည်ဆိုတာ ညီ့ ဝတ်စုံကို ကြည့်တာနဲ့တင် သိနိုင်သည်။
أنت تقرأ
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
القصة القصيرةComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...