အပိုင်း(၂၇)✌️"ပကြီးဟု အမည်တွင်သော ထိုလူကြီး---"✌️

59 2 0
                                    

စားပြီးတစ်ထောက်နားတော့ ညီက ဒေါ်လေးတို့ကို ကူသိမ်းပေးမယ်ဆိုပြီး မီးဖိုးထဲ ဝင်သွားသည်။'အကိုက ပကြီးနှင့်နေခဲ့ဆိုသည့်' ညီ့စကားကြောင့် ကျွန်တော်ကတော့ ပကြီးနှင့် အတူ ကွက်ပျစ်တွင်ထိုင်နေရသည်။

"မောင်ရင် ဇီးထန်းလျှက်စား ရေနွေးကြမ်းသောက်"

"ဟုတ်ကဲ့ ဦးပကြီး"

"ဟား မင်းကပါ ဖိုးသားခေါ်သလို ဦးပကြီး ဖြစ်နေပြီလား"

ပကြီးက ကျွန်တော့်အဖြေကို သဘောကျသလို
ပြောရင်း လှိုက်လှိုက်လှဲလှဲကို ရယ်နေရျ်
ကျွန်တော်မှာ အားနာလာရပြန်သည်။

"ကျွန်တော်က ဘယ်လိုခေါ်ရမလဲမသိတော့ ညီခေါ်သလိုပဲ ခေါ်လိုက်တာ "

"ရတယ် ရတယ် ကိစ္စမရှိဘူး ဖိုးသားခေါ်သလိုလဲ ခေါ်လို့ရတယ်။ ဒီကလေးက ငယ်ငယ်လေးထဲက သူများတွေ ပကြီး ပကြီးခေါ်တာကို နားထဲစွဲသွားပြီး ပကြီး လို့မခေါ်ပဲ ခေါ်တော့ ဦးပကြီး ဦးပကြီးနဲ့ဦးတက်ခေါ်တော့တာပဲ။ တကယ်တော့ ပကြီးဆိုတာကလဲ ဦးလေးလို့ ခေါ်တာပဲလေ ငါ့တူရဲ့ ငါတူခေါ်တာလဲ မှန်ပါတယ် "

ပကြီးပြောမှ ကျွန်တော်လဲ ဟုတ်ကဲ့ ဆိုပြီး ဟင်းချနိုင်သွားတော့သည်။ သူများအရိပ်မှာ ဧည့်သည်လဲလာလုပ်သေးသည် ။အိမ်ရှင်ကိုပါ စော်ကားနေရင် အားနာနေရမှာက ကိုယ်မလို့ ဒီလိုပြောမှပဲ နေရထိုင်ရတာ အဆင်ပြေသွားတော့သည်။ ညီက အသိမလို့ ကိစ္စမရှိပေမယ့် ကိုယ်က ညီမိတ်ဆက်ပေးမှ သိရသူဆိုတော့လဲ။

"ဖိုးသားက တစ်ခါမှ ဧည့်သည်ခေါ်မလာဖူးလို့
ပကြီးကအံ့ဩနေတာ ---။ဖိုးသားကလာရင် သူ့အကိုကြီးနဲ့ လာတာများတယ်လေ ဖိုးသားအကိုကြီး ကျောင်းတက်ပြီးထဲက ဖိုးသားက ဒီ့ဘက်ကို မလာတာအတော်တောင် ကြာသွားပြီ။ အခုမှ ပြန်ပေါက်လာတယ်ဆိုပါ​တော့ လာတော့လဲ ဧည့်သည်နဲ့ ဆိုတော့ အံ့ဩသွားတာလေ အဟင်း--"

ပကြီးကပြောပြီး ဟန်ပါသလို တစ်ချက်ရယ်ရင်း
ကျွန်တော့်ကို စေ့စေ့စပ်စပ်ကြည့်ကာ ဆိုနေသည်မို့ကိုယ့်ဘာသာ မလုံမလဲ ဖြစ်ရပြန်သည်။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw حيث تعيش القصص. اكتشف الآن