"တောင် တောင်---"
ညီ့ကို ဖက်ထားရင်း အတွေးနယ်ချဲ့ပြီး အတွေးနှင့် တိုက်ပွဲ ဝင်ခဲ့သည်က messageသံ 'တောင်တောင်' ဆိုသည့် အသံကြားမှ အတွေးကနေ လက်ရှိကာလသို့ ပြန်ရောက်လာရတော့သည်။ ရင်ခွင်ထဲ ကြည့်လိုက်တော့လဲ ခိုနားရာ ရင်ခွင်လေးက အသင့်ရှိနေသည်မို့စနစ်တကျစွာဖြင့် ပြုံးလိုက်ပြီး messageကိုသာဖတ်လိုက်သည် ။
'အကို အဆင်ပြေသွားပြီလား အဆင်ပြေရင် တစ်ဝိုင်းနော်'
'ကျွန်တော့်ကောင်ကြီးကော အကို့ကို ဂျစ်နေသေးလား။' စတဲ့ ညီ့သူငယ်ချင်းနှစ်ယောက်ရဲ့ messageကို ဖတ်ပြီးတဲ့ နောက်မှာတော့ ကျွန်တော့်နှုတ်ခမ်းကလဲ တွန့်ကွေးစွာဖြင့် ပြုံးလိုက်ပြီး ညီ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်နှင့်။ ဒီကာလအတွင်း VOA လုပ်ပြီး ကျွန်တော်သိချင်သမျှ ပြောပြသည့် မြှားနတ်မောင် နှစ်ယောက်ကိုတော့ နောက်မှ တစ်ဝိုင်းမကလို့ ဆယ်ဝိုင်းဖြစ်ဖြစ် ကျွေးရလဲ တန်သည်။ ဘာကြောင့်လဲဆို အကြောင်းပြချက်မရှိ ။ပြောနိုင်သည်က တစ်ခုထဲ ---။ညီ့အနားမှာ ကျွန်တော်မရှိတုန်း ညီ့ကို ကောင်းကောင်း ဂရုစိုက်ပေးထားတယ်ဆိုတာက
ညီ့ပုံစံ ကြည့်ရင် သိနိုင်နေပြီး ညီ့ ပျော်နေတဲ့ ပုံရိပ်လေးတွေကိုလဲ မပျက်မကွက် ပို့ပေးထားသည့်အတွက်ကြောင့်---။ ညီ့ကို သပြေခေါ်သွားတဲ့အချက်ကိုတော့ ညီ့ကိုဂရုစိုက်တဲ့ အချက်နဲ့ပဲ ကျေလိုက်ပါမယ်လေ။ ညီကလဲ ကျွန်တော်တစ်ယောက်ထဲကိုပဲ ချစ်တာမလား ---?။အကို့ကို အလိုက်သင့် ဖတ်ထားပြီး အကို့ရင်ခွင်ထဲ နေသားတကျ ရှိနေချိန်မှာတော့ 'တောင်တောင် 'ဆိုသည့် messageသံက ခနှောက်ဆန် သွားရျ်အကို့ကို ဖက်လျှက်နှင့်ပင် messageဖွင့်ကြည့်လိုက်သည်။
'ဘယ်လိုလဲ အခြေအနေ --?။အဆင်ပြေသွားတာလား---? ဘာတဲ့လဲ ဘာကြောင့်တဲ့လဲ--?။ ပြောပြလား --?တန်းအဖြေမပေးနဲ့နော် ---။ယောကျာ်းလေးပဲ မူအုံး---'
'ဟေ့ကောင် မူနော် --။ယောကျာ်းအိန္ဒြေရွှေပေးဝယ်ရင်တောင် မရတဲ့ ---!မူနော်--- တန်းဈေးမပေါပြစ်နဲ့ ကြားလား"
ဟိုနှစ်ကောင်၏ မရှေးမနှောင်းဝင်လာသည့် messageသံတွေနှင့်အတူ ပြောထားသည်တွေကလဲကျွန်တော့်ကို စိတ်ပူကာ ပြောထားသည့် စကားတွေမို့ သူငယ်ချင်းကောင်းတွေဆိုသည့် ခံစားချက်ကြီးက ရင်ထဲ ဝင်လာရျ် အလိုလို နှုတ်ခမ်းက ပြုံးမိသွားပြီး ---'အဆင်လဲပြေတယ် အခုတောင် နင်တို့သူငယ်ချင်းကအကို့ရင်ခွင်ထဲမှာ 'ဆိုပြီး အော်သာပြောလိုက်ရင် ဖြစ်သွားမည့် နှစ်ကောင်လုံး၏ မျက်နှာတွေကို ပြေးမြင်လာရျ် ရယ်သာ ရယ်နေလိုက်သည်။ကျွန်တော့်ကို အကို ဖက်ထားရင်း အကို့ပုခုံးသားတွေ လှုပ်ခတ်သွားသည်ကို ကျွန်တော်သတိမူမိပြီး အကိုလဲ ပြုံးရယ်နေမှာကို ကျွန်တော်သိလိုက်သည့်အတွက် အကို့ကို ခပ်တင်းတင်းလေး ပြန်ဖက်ထားလိုက်ကာ---။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...