အပိုင်း(၃၇)✌️"Newfeed မှ မြင်လိုက်ရသော postတစ်ခု---"✌️

94 4 0
                                    

"ဖိုးသားရေ မပြီးသေးဘူးလား--?"

"ပြီးပါပြီ မေမေ​ရေ အပေါ်ထပ်လေးထပ်ဝတ်နေလို့"

"မင်းမှာလဲ မပြောချင်တော့ဘူး သွားခါနီး လာခါနီးဆိုအပေါ်ထပ်ဝတ်ရတာရယ်၊ ဦးထုပ်ဆောင်းရတာရယ်၊ maskတပ်ရတာရယ်နဲ့ ပြင်လို့ပြီးတယ်ဆိုတာကို မရှိ"

"မေမေကလဲ သားက နေပူဒဏ်ကို ကာကွယ်ပြီး
လေစိမ်းတွေ မျက်နှာနုနုတွေ လာမတိုက်အောင် ကာကွယ်တာပါ"

"အဟင်း--- မပြောချင်ပါဘူး"

မေမေနှင့် ဆိုင်လိုက်မည်ဖြစ်ရျ် မေမေ့ကို စောင့်နေရာမှ မေမေက ပြန်စောင့်နေရသည်ထိ ကျွန်တော်က မပြီးနိုင်မစီးနိုင် ရှိလှသည်မို့ ဆိုင်သွားမည့် မေမေမှာ ကျွန်တော့်ကို ထေ့ငေါ့ပြီး စကားဆိုနေသည်။

"မေမေ လာတက် နေပူရင် မကောင်းဘူးဗျ"

"နေပါအုံးဟယ် စံပယ်ပန်းလေး လှလို့ ခူးလိုက်အုံးမယ်"

"ဟုတ်--"

ယခုတွင်တော့ ပြန်စောင့်နေရသူက ကျွန်တော်ပင်။ မေမေ့မှာ ကျွန်တော့်ကို စောင့်နေရင်း မေမေ့ခြံထဲကအဆုပ်လိုက် ပွင့်ငုံနေတဲ့ စံပယ်ပန်းလေးတွေရဲ့ အလှမှာ သက်ဆင်းသွားသည်ထင် စံပယ်ပန်းတစ်ခက်ကို ခူးပြီး မေမေ့ရဲ့ နက်မှောင်ပြီး အုပ်လုံးသိမ်းကာ ထုံးဖွဲ့ထားသည့် ဆံပင်ထက်တွင် ပန်ဆင်လိုက်သည်ကို တွေ့လိုက်ရသည်။

"ကဲ ရပြီ မောင်းတော့"

"ဟုတ်"

မေမေ ဆိုင်ကယ်ပေါ် တက်လိုက်သည်နှင့် ကျွန်တော်ကလဲ မေမေ့ဆိုင်ရှိရာ မြိ့မဈေးသို့ ဆိုင်ကယ်ကိုဦးတည်လိုက်သည်။ မနက်ခင်းအစောပိုင်း ဖြစ်နေရျ် ​ နေမင်းကြီးက မျှော်လင့်သလောက် မပူနေပေမယ့် သူ့အပူချိန်နှင့်သူတော့ရှိသည်မို့ အပေါ်ထပ်ဝတ် လာတာ ကောင်းသားဟု တွေးမိပြန်သည်။ မြို့မဈေးသို့ သွားရာလမ်းက အရမ်းကြီး ရှုပ်မနေသည့်တိုင် မြို့၏ အချက်အချာ ဖြစ်သည့် မြို့လည်ခေါင် ဖြစ်နေသည့်အတွက် ဆိုင်ခန်းတွေနှင့် ပြည့်ကျပ်နေပြီး လူတွေကလည်း စည်ကားလှသည်။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Where stories live. Discover now