"ညီဘယ်လဲ--"
ညီက လမ်းမကြီးအတိုင်း မောင်းလာရင်းမှ အ.ထ.က(၁)ကျောင်းရဲ့ မြောက်ဘက်လမ်းကြားလေးထဲသို့ လျှိုးဝင်သွားသည်။
"ရောက်ရင်သိမှာပါ အကိုရာ--
ကျစ်--! ရထားဂိတ်မိရတယ်လို့"မောင်းနေရင်း ရထားလာနေရျ် လမ်းပိတ်ထားခြင်းကြောင့် ဆက်မသွားနိုင်ဖြစ်နေသည်ကို ညီကညည်းညူနေသည်။
"ညီ ဒီရထားလမ်းက အရှည်ကြီးပဲနော်"
ကျွန်တော်က မဆုံးနိုင်တဲ့ ရထားကြီးကို ကြည့်ပြီး
မှန်းစစပြောတော့ ညီက"ရထားလမ်းရှိတာ အကို မသိတာလား"
"ရထားလမ်းရှိတာတော့ သိတယ် ။ဒီဘက် မရောက်ဖြစ်တော့ ဒီလောက်ကြီး ရှိမယ်လို့ မသိထားတာ"
"အာ ဟုတ်သား ကျွန်တော်ကလဲ အကို့ကို ရွှေသင်းရဲ့အစားအသောက်တွေ/ နေရာတွေ/ စတီပုထိုး /ဘုရားကျောင်းကန်တွေကျ အကုန်ပြောပြပြီး ရွှေသင်းရဲ့အချက်အချာ ဖြစ်တဲ့ ကားလမ်းရထားလမ်းအကြောင်းကျတော့ မပြောမိသေးဘူးပဲ"
ညီက ကျွန်တော့်စကားကို ဝင်ရောက်ထောက်ခံပြီး
"ဒါဆိုလဲ နားထောင် အကို ကျွန်တော်ပြောပြမယ် ။ဒီရထားတွဲကလဲ ဆယ်ငါးမိနစ်လောက်ကြာမယ်ထင်တယ် အတွဲရှည်နေတော့လေ "
ညီက ပြောပြီး ဆိုင်ကယ်ကို ဒေါက်ထောက်ကာ
မဆုံးနိုင်တဲ့ ရထားတွဲကြီးကို ကြည့်ပြီး ဆိုသည်။"ကျွန်တော်တို့မြို့က ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် ကားလမ်းပေါ်မှာရှိတဲ့ မြို့လေးအကိုရန်ကုန်ကနေဆို ---"
ညီက ပြောပြီး စဉ်းစားကာ
"ခဏ အကို --"
ကျွန်တော့်ကို ခဏဆိုပြီး အိတ်ထဲက ဖုန်းထုတ်ကာတစ်တောက်တောက်နဲ့ စာရိုက်နေပြီး စက္ကန့်ပိုင်းကြာတော့မှ
"ရပြီ အကို မိုင်ဘယ်လောက်မှန်းမသိလို့ goggleပြန်ခေါက်နေရတယ်ဗျ ဟီး"
ဆိုပြီး ညီက ညီ့ဖုန်းလေးကိုကြည့်ကာ အစောက စကားကို ပြန်ဆက်သည်။ ကျွန်တော်ကတော့ နှုတ်ခမ်းထက် အပြုံးသာ ချိတ်ဆွဲရင်း ညီ့အပြောကို နားထောင်နေလိုက်သည်။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...