"ဒါဆို ညီ ရောက်တုန်း ဒီစေတီအကြောင်းလေး
ပြောပြပေးပါလား--?"ကျွန်တော် ရဲရဲပဲ ညီကို ဆရာတင်လိုက်သည်။
ညီက နယ်ခံဆိုတော့ ဒီအရပ်က အကြောင်းတွေ
တော်တော်တော့ သိတန်ကောင်းပါရဲ့။"ဒီစေတီပဲလား အကိုဒီစေတီဆိုရင်တော့ အကို့ကို ပြောရမှာတွေ အများကြီးပဲ ဒါ့အပြင် ဒါနဲ့ ဆက်စပ်နေတဲ့ ဟာတွေပါ ပြောရမှာ အကိုရ ကျွန်တော်သိသလောက် ပြောပြမယ်
အကိုနားထောင်မယ်မလား---?""အင်း အကို နားထောင်မယ် "
သိချင်ရင် goggleတို့ စာကြည့်တိုက်တို့ သွားရှာရင်ရပေမယ့် ဘာလို့မှန်းမသိ ဒီကောင်လေးပြောတာတွေကိုသာ နားထောင်ချင်နေသည်။
ဒါဆို ပြောပြီနော် အကို ---။နောက်မှ မင်းပြောလိုက်တာကလဲ နားညည်းလိုက်တာလို့ မပြောနဲ့
ဆိုပြီး သွားတွေ ပေါ်အောင် ရယ်ပြပြီး အသက်ပြင်းပြင်းတစ်ချက်ရှုကာ ဆရာကြီးတွေလို ကိုယ်နေဟန်ကိုပါ မတ်ပြစ်ပြီး စပြောတော့သည်။"စေတီဆိုရင်တော့ ကျွန်တော်တို့ ရွှေသင်း
(ရမည်းသင်း)အကြောင်းကနေ စပြောရမယ် အကို---ရမည်းသင်းက သမိုင်းကြောင်းထဲကရှိတာလို့
ပြောရမယ်။ ပုဂံခေတ်နောက်ပိုင်း မြန်မာသက္ကရာဇ် ၆၆၅ခုနှစ်မှာ ဆင်ဖြူရှင်မိဖုရားကြီးက ရမည်းသင်းကို တည်ထောင်ခဲ့တယ်လို့ အဆိုရှိတယ်။ ထိုသို့ တည်လာခဲ့ရာကနေ ကျုံးတော်ကို တူးလိုက်တော့ ရေထွက်ရော ၊ထွက်လာတဲ့ ရေကို မြည်းစမ်းကြည့်လိုက်တဲ့အခါမှာ ရေက သင့်တင့်တဲ့ အရသာရှိတယ် ၊ရေကို မြည်းရာမှာ သင့်သည် ဆိုပြီးခေါ်လာလိုက်တာ နောက်ဆုံး စကားအရွှေ့အပြောင်းတွေကနေ ရမည်းသင်းဖြစ်သွားတော့တာပဲ။နောက်အဆိုတစ်ခုလည်း ရှိသေးတယ်အကိုရ။
ဆင်ဖြူရှင်မိဖုကြီးက မြို့တည်မည့်နေရာက
တောအုပ်ကြီးကို ရှင်းတာ နွားမည်းတစ်သင်း
ထိုကနေ နွားမည်းသင်း နောက်ဆုံး ရမည်းသင်းလို့ဖြစ်သွားတယ်လို့လဲ အဆိုရှိပြန်တယ်။အဆိုကတော့ နှစ်ခုပေါ့ဗျာ။ ကျွန်တော်လဲ ရှေးမမှီတော့ မှီတဲ့ ဖိုးဖွားတွေရဲ့ စကားတွေကနေ သိတယ်ဆိုပါတော့--
BINABASA MO ANG
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...