ဗြန်း ---
"အာ့ ဖြေးဖြေးရိုက်ပါဟာငါ့ကျောက်ကပ်တွေကွာကုန်ပြီလားမသိဘူး"
ကျောင်းထဲဝင်ဝင်ချင်း ဆိုင်ကယ်ရပ်ပြီးခါစ၌သူငယ်ချင်းမရဲ့ လက်ဝါးသိုင်းဦးစွာစားလိုက်ရလေသည်။
"ကွာလဲ အေးတာပဲ မနေ့က နင်ဘာလုပ်လဲ--?"
"ငါဘာလုပ်လို့လဲ--?"
မသိသလိုကျောပိုးအိတ်အလွယ်မပြတ်ပဲ ကျွန်တော်ကျောင်းထဲ ဝင်တော့
"နင်တမင်လုပ်တာမလား "
"ဘာကို ငါမသိဘူး နင်လာမရစ်နဲ့"
ကျွန်တော်လဲ အနောက်မှာ ရပ်နေသည့် ဟိုသကောင့်သားကို မျက်စပြစ်ပြတော့ မင်းကိစ္စမင်းရှင်းဆိုတဲ့သဘော ပုခုံးတွန့်ပြသည်။
"နင်သက်သက်ယုတ်မာတယ် ငါ့တို့ကိုတောင် tagထားလိုက်သေး "
"ဪ ဟားဟား မစားလိုက်ရလို့မလား"
"ဟုတ်ပါ့ ဟုတ်ပါ့ ငါ့အကြိုက်ဆုံး ဒိန်ချဉ်ရေခဲမုန့်လေးကိုမှ နင် ---"
ပြောရင်း မျက်ရည်လေးတွေတောင်ဝိုင်းလာပြန်သည်။
"အာ နင်ကလဲ ငါစတာပါဟာ။ ငါအရင်ကလဲ စနေကျပဲကို။ မနေ့ကလဲ လမ်းကြုံလို့ ငါဝင်ဝယ်လိုက်တာ ဝယ်သာဝယ်လိုက်ရတယ် ငါလဲမစားလိုက်ရပါဘူး ။အိမ်ကအမွှေစိန်လေးနဲ့ နင်လဲသိတယ်မလား---။ တိတ်တော့ ---ညနေကျ ကန်သစ်သွားပြီး ဆွဲကြတာပေါ့ငါရှင်းမယ် "
ကျွန်တော်ပြောလိုက်မှ
"ဟီး ---တကယ်လား ပြီးရော ဟဲ့ကြည့်ပေးကြပါအုံးငါ့မိတ်ကပ်တွေပျက်ကုန်ပြီလားမသိဘူး"
"မကြည့်ပေးဘူးဟေ့ အစထဲကမလှတာ အခုငိုတော့ပိုတောင်ရုပ်ဆိုးသွားသေး"
ကျွန်တော်တို့နှစ်ယောက်လဲ ပြောပြီး ပြေးကြလေသည်ဟိုသူငယ်ချင်းမကတော့
"နင်တို့မပြေးနဲ့ ---"
ဆိုတဲ့အသံနက်နက်ကြီးနှင့် ကျွန်တော်တို့နှစ်ယောကိုအနောက်ကနေ လိုက်ရိုက်နေတော့သည်။
ဒီလိုနှင့် ကျောင်းပြန်တက်ရတဲ့ နေ့က အပျော်တွေနှင့်ပင် ကုန်ဆုံးသွားတော့သည်။
أنت تقرأ
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
القصة القصيرةComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...