အပိုင်း(၇)✌️"ကျွန်တော်၏ မွေးနေ့ရက်မြတ်---"✌️

155 8 0
                                    


"ညီပြီးပြီလား---?"

"ပြီးပြီ အကို လာပြီ လာပြီ--"

အကို့အမေးကို ကျွန်တော် အော်သာဖြေလိုက်ပြီး
အကိုစောင့်နေရာစီ အမြန်သွားလိုက်သည်။
ဒီနေ့ အကိုမွေးနေ့ ဖြစ်ရျ် ရန်အောင်မြင်ဘုရားမှာ
ဆုတောင်းချင်သည်ဆိုသည့် အကိုစကားကြောင့်
ကျွန်တော်ကော အကို့မွေးနေ့မှာ အတူဘုရားသွားကြမည်ဖြစ်သည် ။

အကိုက အဆောင်အောက်ထပ်၌ ရှိသည့် ဆိုင်ကယ်ပေါ်သို့ ရောက်နေပြီ ။အကိုနှင့်ကျွန်တော် ဒီလိုတွဲသွားတွဲလာ လုပ်နေတာ ရွှေမြင်တင်စေတီက ပြန်လာပြီးထဲက ဖြစ်သည် ။ရွှေမြင်တင်က ပြန်လာပြီးထဲကအကိုကလဲ သူ့မေးချင်တာတွေဆို မလျှို့မဝှက်မေးတတ်လာသလို ကျွန်တော်နှင့်လဲ စကားတွေပြောလာသည်။ တစ်လလောက်တောင် ရှိသွားပြီ ။

အကိုနှင့် ကျွန်တော် တစ်တွဲတွဲ ဖြစ်နေတာကလဲ အကြောင်းရှိသည်။ mainကတော့ ဟိုနှစ်ကောင်ကြောင့်ပင် ။ အကိုတော် သူငယ်ချင်းကြီးက
ဂိမ်းကစားဖော် အသစ်တွေရသွားပြီးထဲက
ကျွန်တော့်တို့စီ ပေါ်မလာတော့ သူစိတ်ပါတဲ့နေ့မှ
တစ်ခါတစ်ခါ ပေါက်လာတတ်သည်။ ဟိုသူငယ်ချင်းမကတော့ အသစ်ထွက်သည့် BL seriesတွေနဲ့အလုပ်ရှုပ်နေပြီး ကျောင်းလာရင်လဲ ကျွန်တော်နှင့် အကို့ကို အတင်းshipနေသည် ။သူပြောတာ ဘာတဲ့ သြော် သိပြီ သင်္ဘောစီးမယ် ဆိုလား ဘာလားနောက်တစ်ခုက သူအပြင်မထွက်ရင် စိတ်မပူဖို့လဲ ကြိုပြောထားသေးသည် ။အဲ့ဒါသူ တွင်းအောင်တယ်ဆိုလား ဘာလား စာဖတ်စရာတွေ ပုံနေလို့တဲ့ သူပြောတာတော့ သူ့အကြိုက် authorတွေ အသစ်တင်လို့လို့ ပြောတာပါပဲ ။

ဒါနဲ့ပဲ အဖော်မဲ့နေတဲ့သနားစရာ ကျွန်တော်က အကိုနဲ့ တွဲဲဖြစ်သွားတယ်ပဲပြောရမယ်။ အကိုကလဲ အပေါင်းအသင်းမရှိတော့အရာရာ သိနေတဲ့ ကျွန်တော်ကပဲ အကို့ကို အစားအသောက်ကောင်းတဲ့ နေရာတွေစီ ညွှန်ပေးရတာပေါ့---။

ဒါနဲ့လေ အကိုက စာဖတ်နေရင်ပဲ တည်ငြိမ်တာမဟုတ်ဘူး။ စားသောက်နေရင်းလဲ တည်ငြိမ်နေတာပဲ ။ တည်ချက်ကတော့ တကယ်ကို ဩချရမည့်ပုံကျွန်တော့်ကိုလဲ ကြွက်တတ်ပြီးထဲက အစားအသောက်တွေကအစ ဂရုတစိုက်လုပ်ပေးနေရျ်ကျွန်တော့်မှာ မျက်နှာပူစရာ ကိစ္စတွေတောင်ရှိလာရသည်ထိ။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Donde viven las historias. Descúbrelo ahora