အပိုင်း(၃၁)✌️"ရထားလမ်းတစ်ဖက်ရှိ ချာရှ်နှင့် ကော်ပြန့်ကြော်---"✌️

59 2 0
                                    

ရထားလမ်းကို ဖြတ်ပြီးသွားတော့ ဟိုဘက် တည့်တည့်မှာ မြင်လိုက်ရသည့် အုတ်ခဲနီနီတွေဖြင့် ဆောက်လုပ်ထားသည့် ချာချ်ကျောင်းတစ်ခု။
ညီက ချာချ်ကျောင်းလမ်းဘက်သို့ ချိုးဝင်းလိုက်ပြီးချာချ်ရှေ့၌ဆင်းကာ

"ဟာ ကျွန်တော်တို့တော့ကံကောင်းတာပဲ အကိုရာ"

ညီက ဆိုင်ကယ်အမြန်ရပ်ပြီး ကျွန်တော့်လက်ကို ဆွဲကာ ချာချ်ထဲသို့ အပြေးတစ်ပိုင်း ဝင်သွားပြန်သည်။

ချာချ်ကျောင်းထဲဝယ် ချာချ်နှင့် အပြည့်ရှိနေသည့်လူအုပ်ကြီး ကြောင့် ကျွန်တော် မျက်လုံးပြူးရပြန်သည်။ အားလုံးက ခုံတန်းလျားတိုင်းတွင် တည်တည်ငြိမ်ငြိမ်ထိုင်နေပြီး အရှေ့ကသင်းအုပ်ဆရာ ဖတ်သည့် စာများကို နားထောင်ကာရှိနေသည်။စင်ပေါ်တွင်လဲ စန္ဒယားတီးနေသည့် သူလဲရှိသည်။

'ဒါ ဘုရားရှီခိုးနေခြင်း မဟုတ်ပေလား--?' ဒါကို ညီကဘာကံကောင်းသည်ဟု ဆိုရသနည်း။ ဒါကိုတော့ ကျွန်တော်လဲမသိ ။ကျွန်တော်ကလဲ ညီဘေးတွင် ဝင်ထိုင်နေပြီး ညီကြည့်သလို အရှေ့ကိုသာ ရှုတည်ကြည့်နေလိုက်မိသည် ။

ဆုတောင်းတာတွေ အားလုံးပြီးစီးတော့ လူတွေ အလျှိုလျှို ပြန်သွားကြပေမယ့် ညီက​တော့ မပြန်သေး လက်ရှိ ထိုင်နေသည့် ခုံတန်းလျှားလေးတွင်သာထိုင်နေပြီး တစ်ခုခုကို ပြောမလို့ထင် ကျွန်တော့်ကိုပြုံးပြုံးလေးသာ ကြည့်နေသည်။

"အကို့ကိုကျွန်တော် အရင်က ပြောခဲ့သလို ကျွန်တော်တို့မြို့က ဘာသာကြီးလေးခုလုံး အစုံရှိတယ်ဆိုတာလေ အကို မှတ်မိလား"

"အင်း အကို မှတ်မိတယ် ညီ"

ညီက ကျွန်တော့် အဖြေစကားကို ခေါင်းလေးတစ်ချက်သာငြိမ့်ပြီး ပြုံးကာ ဆက်ဆိုသည်။

"အင်းအဲ့လိုပဲ အကို ၊ကျွန်တော်တို့မြို့က စေတီ ပုထိုးတွေရော ဘုရားကျောင်းကန်တွေရော ဆုတောင်းစရာ ဘုရားကျောင်းတွေနဲ့ ပလီကျောင်းတွေပါ ရှိတဲ့ မြို့လေးပေါ့ ။ ဘာသာလဲအစုံရှိသလို လူမျိုးလဲအစုံရှိပြီးညီအကို မောင်နှစ်မ အရင်းအချာပမာ စည်းလုံးကြတဲ့ မြို့ဗျအကိုရ ။ ဘာပွဲပဲရှိရှိ လူမျိုးတွေ ဘာသာတွေခွဲခြားမနေဘူး အရှေ့ကနေ အားတတ်သရော
ပါဝင်ကျတာပဲ ဟိုတစ်ခါ ဝါတိုးဘက်ရောက်တုန်းကအကို့ကို ကျွန်တော် ဟိန္ဒူဘုရားကျောင်းပြသေးတယ်လေ အကိုမှတ်မိသေးလား--?။"

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Où les histoires vivent. Découvrez maintenant