✌️"သီတင်းကျွတ် ပွဲတော်----"✌️

164 4 3
                                    

"ဟာညီရေ ကြာလိုက်တာ မပြီးသေးဘူးလား။"
ဘာတွေ သည်လောက်တောင် သယ်ပိုးနေရသလဲ။မနက်ကတင် ယူမယ့် ပစ္စည်းတွေ အကုန် ထည့်ထားပြီးပြီကို ညီဘာတွေ ထပ်သယ်ပိုးအုံးမည်လဲ။ဒီညီနှင့်တော့ မနိုင်ပေ ။သူ့ညီအကြောင်း ဒီက ကိုကိုကသိပြီးသားဆိုတော့လဲ အဟင်း ---ခက်တယ်ဗျာ"

"လာပါပြီဗျာ ကိုကိုကလဲ ဘာလဲ--? ဒီလောက်လေးစောင့်နေရတာကို ငြိုငြင်တာလား"

လူရိပ်မမြင်ရသေး အသံနှင့် ခွန်းတုံ့ပြန်နေသည့် ညီကြောင့်

"မဟုတ်ပါဘူးညီရယ် ကိုကိုက ညီပစ္စည်းတွေ အများကြီး ယူနေရင် ညီပင်ပန်းနေမဆိုးလို့ပါ"

အလိုက်သင့် အမြန် ချော့မြူရေးဆင်းရသည်။

"ဟုတ်ပါပြီ ဒါလေးနည်းနည်းယူနေလို့ ကြာသွားတာဟီး---"

"ဟာ--! ညီရယ် ညီ့နည်းနည်းကလဲ မေမေတို့အိမ်မှာ တစ်ရက်လေးသွားအိပ်မှာကို ဒီလောက် ယူစရာလိုလား ညီရယ်"

ပါလာသည်က ကျောပိုးအိတ်အကြီးကြီးအပြင် လက်ထဲ အထုတ်နှစ်ခုနှင့် ။မနက်က ကျွန်တော် ထည့်ပေးတုန်းကတောင် ဒီလောက်ထိမများပါ ။ကန်တော့ ပစ္စည်းတွေက ဆိုင်ကယ်ခြင်းထဲမှာရော လက်ကိုင်မှာပါ ချိတ်ထားသည်မို့ ဒါတွေက ကန်တော့မည့်ပစ္စည်းတွေ မဟုတ်တန်ရာ ။ညီ့ရဲ့ မုန့်တွေ ဒါမှမဟုတ် ညီ့အဝတ်အစားတွေပဲ ဖြစ်ရမည်။

"ဟာ ဘာလဲ ကိုကိုရာ အဖြေပေးပြီးတာမှမကြာသေးဘူး ။ပိုင်ဆိုးပိုင်နင်းနဲ့ သူများမေမေကို မေမေ လေးဘာလေးနဲ့ အဟင်း--- မလွယ်ဘူးနော် ဒီကိုကိုလဲ"

"ဟား ညီရယ် အခု မေမေမဟုတ်လဲ တစ်ချိန်ကျ ညီ့မေမေက ကိုကိုရဲ့ မေမေပဲ ဖြစ်မှာ မဟုတ်ဘူးလား။ဘာလဲ ညီက မကြိုက်တာလား"

"မဟုတ်ပါဘူး ရှက်တာ "

"ညီရယ် အသဲယားလိုက်တာကွာ"

ကျွန်တော်မေးတော့ ညီက အမြန်ပင် ဖြေလ်ုက်ပြီးပြောလိုက်သည်က ရှက်တာတဲ့--။ ညီက တကယ့် ချစ်စရာလေးဗျာ ။ဒီလို ချစ်စရာလေးကို ရည်းစားတော်ထားရသည့် ကျွန်တော် သဲသဲလှုပ်တာကလဲမဆန်း ။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Donde viven las historias. Descúbrelo ahora