"လာ အကို ဟိုနားမှာ လူရှင်းတယ် ပြီးတော့ အေးလဲအေးတယ်"
ညီက လူရှင်းရာ နေရာသို့ ခပ်သွက်သွက်လျှောက်ပြီးထိုနေရာမှာ ထိုင်နေသည်။
"ဖြေးဖြေးပေါ့ ညီရယ် ညီသွားတာ အကို့မှာ မနည်းလိုက်ရတယ် "
"အမြန်သွားမှ အကိုရဲ့ မဟုတ်ရင် နေရာရမှာ မဟုတ်ဘူး အကို့အနောက်ကို ကြည့်လိုက်"
ညီပြရာ ကြည့်လိုက်မှ ကျွန်တော်တို့ ထိုင်မည့် နေရာသို့ ထိုင်ရန် လာနေသည့် လူတစ်စု။ ထိုမှ ညီ့အပြောကို နားလည်သွားသည်။
"ပွဲက ဘုရားရှေ့ကနေ စပြီး ခင်းတာဆိုတော့ ပွဲဈေးထဲ ဈေးရောင်းတဲ့ သူတွေရဲ့ မိသားစုတွေကလဲ ဘုရားထဲလာနားကြတယ်လေ ပြီးတော့ ပွဲလျှောက်တဲ့လူတွေကလဲ အမောပြေ ဘုရားထဲ ဝင်နားကြတော့ လူတွေ ပြည့်ကြတယ် "
ညီက ကျွန်တော့်ကို ပြန်ရှင်းပြပြီး
"လာအကို ထိုင်တော့ ရပြီ ကျွန်တော့်တို့ရှိရင်
ဘယ်သူမှ လာမထိုင်ကြတော့ဘူး ဟီး"ညီက ပြောပြီး ကျွန်တော့်ကို ထိုင်ဖို့နေရာပြကာ
ညီ့ရဲ့ အပြုံးလေးနှင့် ပြုံးပြသည်။"ရော့ အကို---"
လက်ထဲ ရောက်လာတဲ့ ကောက်ညှင်းဆုတ်တစ်ခု
ညီ့ကို ကြည့်လိုက်တော့ ပုံမှန်ပင် ကောက်ညှင်းကို အဆုတ်လေးတွေလုပ်ပြီး စားနေသည်။
"အကိုရ ကောက်ညှင်းပေါင်းဆိုတာ ဒီလို ဆုတ်ပြီး စားမှ အရသာရှိတာဗျ အကိုစားကြည့်"
ညီပေးတဲ့ ကောက်ညှင်းအဆုတ်လေးကို စားလိုက်သည်။
"အကြော်လေးနဲ့ တွဲစား အကိုရ"
ညီကပြောပြီး လက်ထဲ ပူနွေးနေသည့် ရွှေဖရုံသီး ကြော်လေး တစ်ခုပါ ထည့်ပေးပြန်သည်။
"စားလေ အကို စားကြည့်"
ညီက သူပါ အကြော်စားနေရင်းနှင့် ကျွန်တော့်အစားကို စားမစားအတည်ပြုနေရျ် ညီပေးလာသည့် အကြော်ကိုပါ ကိုက်ပြီး စားကြည့်လိုက်သည်။ကောက်ညှင်းအစိမ့်နှင့် ရွှေဖရုံသီးကြော်ရဲ့ အချိုဓါတ်ပေါင်းသွားသည့် အရသာက ဘာနှင့်မှမလဲနိုင်အတော်ကိုမှ အရသာရှိလှသည်။ ငယ်ငယ်က ကောက်ညှင်းပေါင်းကိုဆို ပဲပေါင်းတို့ ငါးခြောက်ဖုတ်တို့နှင့်ပဲ စားဖူးရျ် အခု အကြော်နှင့် စားမှ အရသာကတွေ့လှပြီး အတော်ကိုမှ မင်နေရျ် တစ်ကိုက်ပြီး တစ်ကိုက် အကြော်ကိုကိုက်ကာ ညီဆုတ်ထားသည့် ကောက်ညှင်းလုံးလေးတွေကိုလဲ စားပြစ်လိုက်သည်။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...