နိဒါန်း

7.2K 163 11
                                    

လောကနိယာမကို ဆန့်ကျင်၍
(နိဒါန်း)

တောင်စွယ်ဖျားဆီမှ မြစ်ငယ်နှစ်ခု ပေါင်းစုံ၍ မြစ်ကြီးတစ်စင်းကို ဖြစ်ပေါ်စေခဲ့သည်။ထိုမြစ်ကြီးသည် လက်တက်များစွာ ခွဲဖြာ၍ သမုဒ္ဒရာ အတွင်းစီးဝင်၏။လူသားတို့သည် ဤမြစ်ကြီးကို အမှီသဟဲ ပြု၍ မှီတင်းနေထိုင်ရာမှ....အစပြုကာ တစ်စတစ်စ ဖြင့် တိုင်းပြည်တစ်ခု ဖြစ်တည်လာသည်။တစ်စင်းထဲသော မြစ်ကြီးကြောင့် ''ဧကနဒီ'' ဟု ခေါ်တွင်ရမှ.... ဤမြစ်ကို အမှီ ပြု၍ ဖြစ်တည်လာသော တိုင်းပြည်သည်လည်း ''ဧကနဒီ'' ဟု အမည်တွင်ခဲ့သည်။ထို့ကြောင့် ''ဧကနဒီ''သည် ရှင်သန်ခြင်း လည်းမည်၏။ဧကနဒီမြစ်သည် ''ဧကနဒီ တိုင်းပြည်''၏ ရှင်သန်ရာ အသက်သွေးကြော ဟုပင်ဆိုနိုင်သည်။'ဧကနဒီ' ဟူသောစကားရပ်သည်ကား 'ဘဝ၏ မရှိမဖြစ် ရှင်သန်ရာအသက်သွေးကြော' ဟုပင် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေ၏။

''ဧကနဒီ.....တိုင်းပြည်''
ဒသမမြောက် မင်းဆက်.. မဟိဒ္ဓိကရာဇ ဘွဲ့အမည်ရှိ မဟာဓုရ  ပြည့်ရှင်မင်းတရားအုပ်စိုးစဥ်အချိန်.......
အိမ်ရှေ့စံမင်းသား သည်ကား သားတော် နှစ်ပါးမှ သားတော်ကြီး မဏိရဇ္ဇ....

ဖွားမြင်ချိန်တွင် ပတ္တမြားကျောက်မျက်များ အလျံငြီးငြီး ထွန်းလင်းခြင်းကြောင့်....ဤကဲ့သို့သော အမည်နာမကို သိမြင်သူတို့က နိမိတ်ဖတ်ပေးခဲ့ခြင်းဖြစ်သည်။ဤ မင်းသားသည် ''ဧကနဒီ'' အား ကြီးမြတ်လှစွာသော ဘုန်းအာဏာကို ယူဆောင်ပေးလိမ့်မည်ဟုလည်း နိမိတ်ဖတ်ခဲ့ကြသည်။

သို့ရာတွင်....မင်းသား၏ ကြင်ယာဖက်သည် တစ်ပါးသော လောကတွင် ဖြစ်တည်နေသည့်အတွက်....ဆင်းရဲဒုက္ခများစွာလည်း ခံစားရလိမ့်မည်ဟု နိမိတ်ဖတ်ခဲ့ကြသည်။သို့သော် နောက်ဆုံးအချက်အား လျှို့ဝှက်ထားရန် ပြည့်ရှင်းမင်းတရားက အမိန့်တော်မှတ်ခဲ့သည့် အတွက် အရှင်မင်းတရားနှင့် သိမြင်သူ မှ တစ်ပါး ကျန်လူများ သိရှိခဲ့ခြင်း မရှိပေ။

သို့ရာတွင်ကား ကံကြမ္မာ စေလာသည့်အခါ လူသားတို့ ဘယ်အံတုနိုင်လိမ့်မည်နည်း။ မှားယွင်းသည့် ဖူးစာဟုဆိုလျှင်လည်း မွေးဖွားစဥ်ကပင် မှားယွင်းနေပြီး ဖြစ်လိမ့်မည်။

ဧကနဒီ (Completed) Where stories live. Discover now