လောကနိယာမကို ဆန့်ကျင်၍ (သို့)ဧကနဒီ
အပိုင်း၂ဧကနဒီ မြို့တော်တစ်ခုလုံး သက်ဝင်တက်ကြွနေ၏။အကြောင်းရင်းက နန်းမွေဆက်ခံသူ အိမ်ရှေ့စံမင်းသား မကြာမီပင် ပညာတော်သင်မှ ပြန်ရောက်လာမည်ဖြစ်သောကြောင့်ပင် ဖြစ်၏။
နန်းမြို့တော်ရှိ လှပျိုဖြူ လုံမငယ်တို့သည် ကြော့မော့နေအောင်ပြင်ဆင်ကာ တစ်ပတ်လျှိုဆံထုံးတွင် ပန်းများဝေနေအောင်ပန်၍ အလှပဆုံးသောအထည်များ ဝတ်ဆင်ကာ ပန်းမန်များကိုယူ၍ အိမ်ရှေ့စံကိုယ်တော်လေးအားကြိုဆိုရန်ပြင်ဆင်နေကြသည်။လုလင်ပျိုလေးများကလည်း နှစ်သက် သဘောကျရသော မေပျိုဖြူ များရှေ့တွင် မျက်နှာသာရရန် အလို့ငှာ.....စစ်ရေးပြစင်မြင့်တွင် ဓားကိုယ်စီဝင့်ကာ ဟန်ရေးပြနေကြသည်။အကအလှ သဘင်သည်များကလည်း တီးမှုတ်သီဆိုနေကြ ကာ ပရိသတ်များကလည်း ရွှေငွေများ ကြဲဖြန့်ဆုပေးနေကြ၏။ဧကနဒီ နန်းမြို့တော် တစ်ခုလုံး သက်ဝင်စည်းကားနေပေ၏။
အရှင်မင်းမြတ်ကိုယ်တော်တိုင် မြို့ရိုးတံခါးဆီကြွချီကာ ကြိုဆိုပေမည်မို့ မင်းနေပြည်တော်ရှိ လမ်းမများသည် သန့်ရှင်းသပ်ရပ်နေသည်။ ဆူးညှောင့်ခလုတ်များကို ဖယ်သင်ထားကာ ပန်းမန်များ ဖြန့်ကျဲထား၏။
မကြာမီ ပဟိုရ်စည်သံ၏ ကျက်သရေတော်နှင့်အတူ ရွှေမြရံခြယ် နန်းတော်မှ အရှင်မင်းကြီးသည် မှူးမတ် ဗိုလ်ပါခြံရံကာ ကြွချီလာပေသည်။ မဂ်လာ ဗုံမောင်းအသံတို့နှင့်အတူ ရွေမိုးငွေမိုးရွာလျက် အလွန်ခမ်းနားထည်ဝါလှပေသည်။
သုန္ဒရ ၏ရာထူးသည် မနိမ့်လွန်းမမြင့်လွန်းသည့် ၆ကြိုးသွယ်သောစလွယ်ကို ဆင်မြန်းရသည့် မှူးမတ်တစ်ယောက်ဖြစ်သည်မို့ အရှင်မင်းကြီး၏ မဂ်လာမြင်းရထားနှင့် မနီးမဝေးမှ မြင်းတစ်စီးဖြင့် လိုက်ပါလာရသည်။ ထည်ဝါလှသော တိုင်းခမ်းလှည့်လည်ရေး အခြေအနေကြောင့် စိတ်တွင်းမှာတော့ အနည်းငယ် မှင်သက်လျက်ရှိ၏။စိတ်အစဥ်သည်တော့ အတွေးတို့ရစ်ဝဲစွာ။ မဏိ........ အရှင့်သား မဏိရဇ္ဇကရော ဘယ်လိုပုံစံဖြစ်နေလောက်မလဲ?.........အခြားသော သုန္ဒရ သည်လည်း သူနှင့်သက်တူရွယ်တူကြီးပြင်းလာသည်မို့ အရှင့်သား တက္ကသီလာကိုပညာတော်သင်ထွက်သွားသည်မှ စ၍ မတွေ့မမြင်ရတော့ခြင်းပင် ဖြစ်သည်။
YOU ARE READING
ဧကနဒီ (Completed)
Romance''မောင်မင်းဟာ ကိုယ်တော်ရဲ့ ဧကနဒီပါပဲ သုန္ဒရ'' ဧကနဒီ ပြည်ဆီ အလည်တစ်ခေါက်သွားကြရအောင်လား💜 ကိုယ့်ရဲ့Ficထဲမှာ ပါဝင်သမျှ အကြောင်းအရာတွေက ကိုယ့်ရဲ့ စိတ်ကူးယဥ်မှု သက်သက်သာ ဖြစ်ပါတယ်..ဒီတော့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါနော်။ End Date - 17.9.2023(SUN)