အပိုင်း ၉

921 55 5
                                    

ဧကနဒီ
အပိုင်း (၉)

အိမ်ရှေ့စံ၏ နန်းဆောင်သို့ သွားရာ စင်္ကြန်လမ်းထက်
အရပ်မြင့်မြင့်နှင့် နီညိုရောင်အရိပ်ကို သူ့ထက် ခေါင်းတစ်ဝက်ခန့်နိမ့်သည့် အပြာဖျော့ရောင်အရိပ်လေးက တွဲထား၏။
မဏိရဇ္ဇနှင့် သုန္ဒရပါပေ။

မဏိရဇ္ဇ သည် သူ့ကိုလာတွဲကူရန် ပြင်နေသော အပါးတော်မြဲအစေခံကို အကြည့်စူးစူးတစ်ချက်ပေးလိုက်ပြီး သုန္ဒရပေါ်သို့ ပို၍မှီလိုက်သည်။

သူ့ပေါ် ပို၍မှီလာသော အရှင့်သားကြောင့် သုန္ဒရ စိုးရိမ်တကြီး မေးလိုက်ကာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတော့သည်။
''အရှင့်သား ခြေထောက်က ပိုနာလာလို့လားဟင်_ သမားတော်ကြီးက သေချာရောစစ်ဆေးကြည့်ရဲ့လားမသိပါဘူး! အရှင့်သား လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တာကို ဘာမှမဖြစ်ဘူးတဲ့! ဒီတိုင်း နာသွားယုံတဲ့! လက်ကိုပဲ ဆေးစည်းပေးလိုက်ရတယ်လို့''

မဏိရဇ္ဇ သည် တိတ်တိတ်ကလေး ခိုးပြုံးလိုက်ရင်း
''ခြေနည်းနည်း ခေါက်သွားယုံပါ ခဏပဲနာတာ_ ပြီးရင်မနာတော့ဘူး ဒီလောက်နာတာလောက်ကတော့ ကိုယ်တော်က စာမဖွဲ့ဘူး''

သုန္ဒရသည် အရှင့်သား၏ စကားကြောင့် ရင်ထဲ ဂရုဏာစိတ်နှင့်အတူ အပြစ်ရှိစိတ်တဖွားဖွားနှင့် ပြောလိုက်သည်။
''မဟုတ်တာ ဒါဆို ခုနာနေတာပေါ့! ပြီးတော့ လက်ကောက်ဝတ်တစ်ဖက်လဲ အဆစ်လွဲသွားသေးတဲ့ဟာကို! အရှင့်သား ကျွန်ုပ်ကိုမှီထားချည်! ခဏလေး သည်းခံနော်! ရောက်တော့မှာပါ ''

အိမ်ရှေ့စံနန်းဆောင်အတွင်း ရောက်လျှင် သုန္ဒရ သည် အရှင့်သားကို  သလွန်တော်ထက် ဖြည်းဖြည်း ထိုင်​စေ​လိုက်သည်။

''အရှင့်သား ဖြည်းဖြည်း လှဲလိုက် ''

ထို့နောက် သုန္ဒရသည် ခါးတွင်ချိတ်ထားသော သစ်သားကျည်တောက် လေးကိုဖြုတ်ယူလိုက်ရင်း
''အရှင့်သား အခြားနာနေတဲ့ နေရာတွေ ဆေးလိမ်းဖို့ သမားတော်ကြီးက သေချာမှာလိုက်တယ် မဟုတ်ရင်ဒဏ်ဖြစ်ကုန်မယ်တဲ့''

မဏိရဇ္ဇ သည် သစ်သားကျည်တောက် ကိုကြည့်လိုက်ရင်း စူးရှရှ မျက်ဝန်းတွင် စဥ်းလဲရိပ်ကလေးဖြတ်ပြေးသွားသည်။
''မောင်မင်း လိမ်းပေးမယ်မလား? ကျောဘက်တွေကို ကိုယ်တော် လိမ်းလို့မရဘူးလေ''

ဧကနဒီ (Completed) Where stories live. Discover now