အပိုင်း ၃၉ (ဇာတ်သိမ်းပိုင်း)

2K 69 25
                                    

လောကနိယာမများကို ဆန့်ကျင်၍ (သို့)

ဧကနဒီ 

အပိုင်း ၃၉ (ဇာတ်သိမ်းပိုင်း)

သုန္ဒရတို့ မိသားစု၏ ဧည့်ခန်းထဲတွင် ယမ်းနံ့လှိုင်နေသလို ။ သုန္ဒရသည် မဏိ၏ လက်ကို ဆုပ်ကိုင်ရင်း မိဘနှစ်ပါးကို မိတ်ဆက်ပေးလိုက်သည်။ 

“ အမေ အဖေ သူက မဏိပါ ….ကျွန်တော် စောင့်နေခဲ့တဲ့လူပါ ”

အမေနှင့် အမေသည် သူ့အတွက် ဝမ်းသာပေးလောက်မည် ။ မဏိကို ဝမ်းသာအားရ လက်ခံပေးလောက်မည် ။ သုန္ဒရ စိတ်ကူးထဲတွင်တော့ လှပနေပါ၏။ သူ့အလွန်တော့ မဟုတ် မိဘများက သူသဘောကျနှစ်သက်သူ တွေ့လျှင် ခေါ်လာရန်ပင် ပြောဖူးသည် မဟုတ်ပါလား ။ သူ အမြဲ စောင့်မျှော်နေခဲ့ရသော မဏိနှင့်ဆိုလျှင် ပို သဘောတူ ပေးလောက်မည် ။ အတွေးနှင့်အတူ ကွေးတက်လာသော နှုတ်ခမ်းထောင့်စွန်းများကို ထိန်းမနိုင်ခဲ့ ။

သို့သော် အခြေအနေကား သူ ထင်သလို ဖြစ်မလာ ။ မိဘနှစ်ပါးက မဏိကို အေးတိအေးစက် စိုက်ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည် ။

“ …… ” ဒါက ဘယ်လိုကြီးလဲ ?

သုန္ဒရ မိဘနှစ်ပါး၏ မဖော်ရွေသော အကြည့်တို့ကြောင့် မဏိသည် တုန်လှုပ်စွာဖြင့် သုန္ဒရ၏ လက်ကို တင်းတင်းဆုပ်မိသည် ။

သူ့ကို လက်မခံပေးကြလျှင် ဘယ်လိုလုပ်ရမည်နည်း ။ သူ သုန္ဒရကို မခွဲနိုင်ပါပေ ။

မဏိသည် သုန္ဒရ၏လက်ကို အားယူသည့်အလား ဖျစ်ညှစ်လိုက်မိရင်း

“ အမေ…. ‌” လွှတ်ခနဲ ပါးစပ်ဖျားမှ ထွက်သွားပြီးမှ ပြန်ရုတ်လိုက်သည် ။ “ အန်တီ ဦးလေး ကျွန်တော် သုန္ဒရကို တစ်ဘဝလုံးစာ တာဝန်ယူသွားမှာပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို သဘောတူ လက်ခံပေးပါ ”

ထိုစကားလေးပြောရသည်က သူ ညီလာခံတွင် တိုင်းပြည်ရေးရာ အဖြေရှာရသည်ထက်ပင် အားအင်ယုတ်လျော့သွားစေ၏ ။ ပြောပြီးသည်နှင့် အဖြေစကားကို မျက်လွှာချ၍သာ နားစွင့်မိသည် ။ သုန္ဒရ၏ ဖခင်ဖြစ်သူထံမှ သက်ပြင်းချသံ တစ်ချက် ကြားလိုက်ရပြီး 

“ သား….သုန္ဒရ အဖေတို့ ဒီက မဏိနဲ့ စကားခဏလောက်ပြောလို့ရမလား ”

ဧကနဒီ (Completed) Where stories live. Discover now