အပိုင်း ၂၄

689 49 14
                                    

လောက နိယာမများကို ဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၂၄

ကျောက်စီဓားကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ဟရိဏီ၏ နန်းဆောင်ဆီ ပြန်လာခဲ့လျှင် ဧည့်ခန်းထဲ ထိုင်စောင့်နေသော အရှင့်သားကို တွေ့လိုက်ရသည်။ သုန္ဒရ အံ့အားသင့်စွာ မေးလိုက်မိတော့၏။
“ အရှင့်သားက ဒီကို ဘယ်လိုလုပ် ... ”

အရှင့်သားက သူ့ကို မှုန်တေတေ မျက်နှာပေးဖြင့် ကြည့်လာပြီးပြောလာသည်။ သို့သော် စောင့်ဆိုင်းနေရသည့်အပေါ် စိတ်ကွက်ဟန်လုံးဝမရှိမှန်း မျက်ဝန်းတို့က သက်သေပြနေ၏။
“ သင့်ကို လာစောင့်နေတာလေ တကထဲ ကြာလိုက်တာရယ် ”

သုန္ဒရ မချိပြုံးသာ ပြုံးလိုက်မိရင်း တစ်ဖန် ဟရိဏိကို ခေါင်းတစ်ချက်ဆတ် ‌ပြုံးပြလိုက်ကာ ပြန်ဖို့ နှုတ်ဆက်စကားဆိုလိုက်သည်။
“ ခွင့်ပြုပါဦး ဟရိဏီ သင့် အကူအညီတွေအတွက် ကျေးဇူးပါ ”

ဟရိဏီဟာ ခပ်ဖွဖွ ပြန်ပြုံးပြလျက်
“ မလိုအပ်ပါဘူး  ကျွန်ုပ်ရဲ့ တာဝန်ပါ ”

မဏိရဇ္ဇလည်း ထိုင်‌နေရာမှထကာ သုန္ဒရဘေး လျှောက်သွားပြီးနောက် ဟရိဏိကို ခေါင်းတစ်ချက်ဆတ်ပြကာ ပြောလိုက်သည်။
” ခွင့်ပြုပါဦး ဟရိဏီ ”

ဟရိဏီဆီမှ အပြန်လမ်းတွင် ဘေးချင်းယှဉ်လျက် လျှောက်နေသူ နှစ်ယောက်ကြား စကားဆိုစရာ မရှိစွာ တိတ်ဆိတ်လျက် ။ ကိုယ်စီ အတွေးတို့ ယောက်ယက်ခတ်နေကြသောကြောင့်လည်း ဖြစ်သည်။

မဏိရဇ္ဇသည် သူ့ဘေး အတွေးနစ်နေဟန်တူသူကို မသိမသာ ငဲ့စောင်းကြည့်ရင်း စိတ်ထဲတွင်တော့ လှိုင်းတံပိုးတို့ထန်လျက် ။ ဟရိဏီပြောခဲ့သော စကားတို့ကြောင့်လည်း ရင်မအေးစွာ။

သုန္ဒရရဲ့ မျက်နှာဟာ ပင်ကိုအတိုင်း တည်ငြိမ်နေဆဲ ။ သုန္ဒရ အဖြေများကို ရှာတွေ့ခဲ့ပြီလော ။ ဟရိဏီပြောသည့်အတိုင်း အမှန်ဆို သူ့အတွက် တိကျသည့် အဖြေတစ်ခု တွေ့ခဲ့ပြီလော ။ နှလုံးသားထဲ ထွင်းထုထားရမည် ဆိုသည်ကရော အဘယ်အဓိပ္ပာယ်လေလဲ ။ သူ့ ခံစားချက်တို့ကို ပွင့်လင်းစွာ ဖွင့်ဟ၍ ရပြီလော ။

နောက်ဆုံး မဏိရဇ္ဇ မထိန်းနိုင်စွာ ထုတ်မေးမိတော့သည်။

“ သင်ရှာနေတဲ့ အဖြေတွေကို တွေ့ခဲ့လား သုန္ဒရ ”

ဧကနဒီ (Completed) Where stories live. Discover now