အပိုင်း ၄

1.2K 71 1
                                    

လောကနိယာမ များကိုဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၄

သုန္ဒရ တစ်ယောက် အတိတ်ဆီ ပြန်ပြောင်းအောက်မေ့နေစဥ် ရုတ်တရက် သူ့ပခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သောကြောင့်  အသိပြန်ဝင်သွား၏။ခေါင်းငဲ့၍ ကြည့်လိုက်သည့်အခါ အရှင့်သား မဏိရဇ္ဇ ကသူ့ကို စူးစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။အရှင့်သားသည် မျက်ခုံးတန်းတို့ကို တွန့်ချိုးရင်း မေးလာ၏။
''ဘာတွေတွေးနေတာလဲ သုန္ဒရ! ကိုယ်တော်ခေါ်တာကြာလှပြီ''

သုန္ဒရသည် ပြုံးလျက် အသာပြန်​ဖြေလိုက်၏။
''အတိတ်ကအကြောင်းတွေပါ အရှင့်သား! အရှင့်သား လူတစ်ယောက်ကို ကိုင်ပေါက်လိုက်တဲ့အကြောင်းတွေးနေတာ''

သုန္ဒရ စိတ်ထင်တာသာဖြစ်မည်။ အရှင့်သား သူ့စကားကြားလိုက်မှ အနည်းငယ် ပြုံးယောင်သန်းသွားသလို ။စိတ်ထင်တာပဲ ဖြစ်လောက်မည်လေ။ ။သူ့စကားထဲ ပြုံးစရာမှမပါတာ။ခေါင်းကိုယမ်းလိုက်ကာ အတွေးများကို ရှင်းပစ်လိုက်ပြီး လေးတစ်လက်ကိုယူကာ သုန္ဒရ မြားတစ်ချောင်းနှင့် ပစ်မှတ်ကိုသေချာ ချိန်ဆလိုက်သည်။
''ဒုတ်''

အလယ်တည့်တည့်ပင်။သုန္ဒရသည် အရှင့်သား၏ မျက်နာရိပ်မျက်နှာကဲကို အကဲခတ်နေသည်ဖြစ်၍ အရှင့်သား မဏိရဇ္ဇ ၏ အံ့သြရိပ်သန်းသွားသော မျက်ဝန်းတစ်စုံကိုသေချာစွာ တွေ့လိုက်ရသည်။သုန္ဒရသည် ဂုဏ်ယူစွာပြုံးလိုက်မိလျက် နောက်ထပ် မြား တစ်ချောင်း ထပ်ပစ်လိုက်သည်။မူလပစ်ထားသော မြားကိုထိုးခွဲ၍ အလယ်တည့်တည့်ပင်။စိတ်ထဲတွင်တော့ တွေးတောလျက်။
ကျွန်တော်မျိုး တော်တယ် မဟုတ်လား အရှင့်သား! အရှင့်သားကို ကာကွယ်စောင့်ရှောက်နိုင်မဲ့ လူတစ်ယောက်ဖြစ်ဖို့ရာ အရည်အချင်းပြည့်မီပြီ မဟုတ်လား_

သုန္ဒရ၏ လေးကိုကိုင်တွယ်ပုံ၊ ပစ်မှတ်ကိုချိန်ဆပုံတို့က ကျွမ်းကျင်လွန်းစွာ။ဘယ်လောက်တောင် ကြိုးစားလေ့ကျင့်ခဲ့သည်လဲ တွေးကြည့်စရာပင်မလို။ မဏိရဇ္ဇသည် စိတ်ရင်းနှင့် ချီးမွမ်းစကား ဆိုလိုက်မိတော့သည်။
''ကိုယ်တော် မရှိတဲ့အချိန် သုန္ဒရ တော်တော်တိုးတက်လာတာပဲ''

ဧကနဒီ (Completed) Where stories live. Discover now