အပိုင်း၂၆

656 38 4
                                    

လောကနိယာမများကို ဆန့်ကျင်၍ (သို့)
ဧကနဒီ
အပိုင်း၂၆

သမားတော်ကြီးက စမ်းသပ်စစ်ဆေးပါသော်လည်းရုတ်တရက် အားနည်းသွားသည် ဟူသော အဖြေမှအပ အခြားမရ ။ မကြာခင် နိုးလာမည်ဟု တွင်တွင် ပြောလာသည့်အခါ  မဏိရဇ္ဇ စိတ်တိုလာတော့သည်။
“ သူ ဘာလို့ ခုထိ နိုးမလာသေးတာလဲ ”

သွေးပါ အန်တဲ့လူက ရုတ်တရက် အားနည်းတာတဲ့လား ။ ဒီ နန်းတွင်း သမားတော် ဆေးပညာရော တတ်ရဲ့လား ။ သုန္ဒရ ဝေဒနာ ပြင်းထန်လွန်းလို့ မေ့လဲတဲ့အထိ ဖြစ်သွားတာလေ ။ သူ့ ဧကနဒီမှာဆို ဒီသမားတော် အပြစ်ဒဏ်သင့်လောက်ပြီ ။

သမားတော်ကြီးကို စိတ်တိုစွာ ဆူငေါက်ရန်ပြင်ဆဲ ဤသတင်းကို ကြားသောကြောင့်ထင် ဟရိဏီဟာ အပြေးအလွှား ရောက်ရှိလာပြီး သလွန်ထက်လဲလျောင်းနေဆဲ သုန္ဒရကို ပူပန်စွာ တစ်ချက်ကြည့်ကြီးမှ မဏိရဇ္ဇကို မချိတင်ကဲ ကြေကွဲစွာ ပြောလာ၏။
“ တောင်းပန်ပါတယ် အရှင် ကျွန်ုပ်ကြောင့် ... ”

ရုတ်တရက် တောင်းပန်လာသော ဟရိဏီကြောင့် မဏိရဇ္ဇ နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ သင်ဘာတွေ ပြောနေတာလဲ ဟရိဏီ ”

ဟရိဏီသည် သုန္ဒရဘက် သမင်လည်ပြန် တစ်ချက်ကြည့်လိုက်ပြီးမှ လေးပင်စွာ ပြောလာ၏။
“ သမားတော်တွေက စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး ဒါဟာ ကံကြမ္မာကိုလွန်ဆန်ခြင်း အပြစ်ဒဏ်မို့လို့ ”

မဏိရဇ္ဇ အာမေဋိတ်သံ ပြုမိတော့သည်။
“ ဘယ်လို ”

ဟရိဏီသည် သက်ပြင်းချလျက်
“ အရှင် သုန္ဒရဟာလည်း သိမြင်သူအရှင် တစ်ဦးပါ တိတိကျကျ ပြောရရင် ကျွန်ုပ်‌ထက်တောင် အာဏာပြင်းတဲ့ သိမြင်သူအရှင် ပါ .. ”

စကားကို ခဏရပ်လိုက်ပြီးမှ ဟရိဏီ ဖြည်းလေးစွာ ဆက်ပြောလိုက်သည် ။
“ အရှင်က ကျွန်ုပ်ကိုယ်စား .. ”

ဟရိဏီ ဆက်မပြောနိုင်တော့ ။ နှုတ်ခမ်းတို့သာ တုန်ယင်လာသည် ။

သီရိအတွက် လွတ်မြောက်ရာလမ်း ပွင့်စေလိုခြင်းငှာ သူ စတေးခံဖို့ ကြိုးစားခဲ့သည် ။ သို့သော် သုန္ဒရ က သူ့အတွေးတို့ကို အချိန်မီသိမြင်ခဲ့ပြီး တားဆီးခဲ့သည်။ သီရိအတွက်သာမက မဏိရဇ္ဇအတွက်ပါ ပြောင်းလဲလိုက်သည့် ကံတရားတို့ကြောင့် သုန္ဒရ ပြန်ပေးရမည့် အဖိုးအခက သေးလိမ့်မည် မဟုတ် ။

ဧကနဒီ (Completed) Where stories live. Discover now