အပိုင်း ၆

1.1K 67 5
                                    

လောကနိယာမ များကိုဆန့်ကျင်၍ (သို့)ဧကနဒီ
အပိုင်း၆

မကြာမီရက်အတွင်း သေနင်္ဂသဘင် ကျင်းပတော့မည်ဖြစ်သည့်အတွက် ဧကနဒီမြို့တော်တစ်ခုလုံး စည်ကားသက်ဝင်နေပေ၏။ အနယ်နယ် အကျေးကျေးမှ ရောက်ရှိလာသော လူငယ် လူလတ်ပေါင်းစုံသည် ဧကနဒီမြို့တော်အတွင်း အပြည့်ဖြစ်နေသည်။

သေနင်္ဂသဘင် ကျင်ပမည့် နှစ်တစ်နှစ်၏ နောက်ဆုံးလ။ ရွက်ဟောင်းညှာကြွေ၍ ရွက်သစ်ဝေရာ နွေဦး။ 'အနိစ္စ' ဟူသော
မမြဲခြင်းလောကနိယာမကို ဖော်ပြရာနွေဦးကာလ။

သေနင်္ဂသဘင် စီရင်ကျင်းပရာ တိုက်ပွဲကွင်းပြင်သည် ဧကနဒီမြို့တော်၏ တောင်ဘက်ယွန်းယွန်းတွင် တည်ရှိကာ တောမြိုင်ကြီးနှင့် တစ်ဆက်တည်းဖြစ်သည်။နေရာကျယ်ဝန်းမှသာ မြင်းရေးပြိုင်ပွဲနှင့် လေးပြိုင်ပွဲကျင်းပဖို့ရာအဆင်ပြေလိမ့်မည်။ လှေလှော်ပြိုင်ပွဲကိုမူ  ဧကနဒီ၏အသက်သွေးကြော ဧကနဒီမြစ်ကြီးတွင် ကျင်းပမည်ဖြစ်၏။

သေနင်္ဂသဘင် စီရင်ကျင်းပမည့်နေ။
သေနင်္ဂသဘင် ကျင်းပမည့်နေရာသို့ ပြိုင်ပွဲဝင်လူများနှင့် ဧည့်ပရိတ်သတ်အစုံ စုရုံးရောက်ရှိနေပြီးဖြစ်သည်။နန်းတော်အတွင်းမှ လူများလည်း ရောက်ရှိနေပြီးဖြစ်၏။သုန္ဒရ တို့ လူစုလဲ ရောက်ရှိနေပြီးဖြစ်သည်။ စက္ကနှင့် သုန္ဒရ သာ ပွဲကြည့်နေရာတွင်ရှိပြီး ဓိုရာက ပြိုင်ပွဲဝင်မည့်လူများ နေရာတွင်ပါပေ။ အရှင့်သား မဏိရဇ္ဇ ကမူ ယခုထိရောက်ရှိမလာသေး။

ထိုစဥ်မှာပင် ''အရှင်မင်းကြီးကြွချီတော်မူလာပါပြီ'' ဟူသောအသံက ကျယ်လောင်စွာထွက်ပေါ်လာ၏။သေနင်္ဂသဘင် ကျင်းပရာနေရာရှိ လူအကုန် ဒူးထောက်လိုက်ကြသည်။

အရှင်မင်းကြီးသည် မှူးမတ်ခြံရံလျက် တစ်ပါးတည်းသောဧကရီ ကလျာဒေဝီ ၊အရှင့်သားမဏိရဇ္ဇ ၊ အရှင့်သား သိတ္တိတို့နှင့်အတူ ကြွချီလာ၏။  ''ထလို့ရပါပြီ'' ဆိုသောမိန်းမစိုး၏စကားအဆုံး အားလုံးက တညီတညာ ကြွေးကြော်လာ၏။
''အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ''

ပြန်လည်တိတ်ဆိတ်သွားပြီး နောက်တခဏတွင် ကြေညာမောင်းသံ ထွက်ပေါ်လာသည်။
''ဒူ...''

ဧကနဒီ (Completed) Where stories live. Discover now