အပိုင်း ၃၄

751 37 4
                                    

လောကနိယာမများ ကို ဆန့်ကျင်၍ (သို့)

ဧကနဒီ

အပိုင်း၃၄


မျက်နှာကျက် အဖြူရောင်က သူ့မြင်ကွင်းဝယ် ပီသစွာ ပေါ်လာသည့်အချိန် သူရ၏ ဝမ်းသာအယ်လဲ အသံကို သုန္ဒရ ကြားလိုက်ရသည်။

“ နိုးလာပြီ သုန္ဒရ နိုးလာပြီ! ”

ကျန်လူများလည်း ယခုမှ ဟင်းချနိုင်ကာ စိတ်အေးသွားတော့၏။ ဒေါ်မိုးမာလာသည် သားဖြစ်သူကို ပွေ့ဖက်လိုက်မိရင်း ဝမ်းသာမျက်ရည်တို့နှင့် ပြောလိုက်မိတော့သည် ။ 

“ တော်သေးတာပေါ့ မသေကောင်း မပျောက်ကောင်း သားရယ် ”

သုန္ဒရသည်တော့ စိတ်နှင့် ကိုယ်နှင့် ပြန်မကပ်သေး ။ သူ့အာရုံတွင် ရူးသွပ်မတတ် ကြေကွဲအော်ဟစ်နေသည့် တစ်စုံတစ်ယောက်၏ အသွင်က ထင်ရှားနေဆဲ ။ မိခင်ဖြစ်သူ၏ ရင်ငွေ့ကိုတော့ ကောင်းစွာ မှတ်မိကာ နှုတ်ခမ်းလှုပ်ရုံ ရေရွတ်မိ၏။

“ အမေ ”

နေခသည် သက်ပြင်းချသံ တစ်ချက်နှင့်အတူ ပြောလာ၏။

“ တော်သေးတာပေါ့ 

ထွေထွေထူးထူးမရှိဘူး ပြောပေမယ့် မင်း နိုးမလာတော့ ငါတို့အားလုံး စိတ်ပူနေတာ ငါ့ကောင်ကြီးရာ ”

‘ တော်သေးတာပေါ့ ’ ဟု အသီးသီး ရွေးရွတ်ကြရင်း

စိတ်အေးသွားဟန် သက်ပြင်းချသံများကြား စိတ်မအေးစွာ ပူလောင်နေရသူက သုန္ဒရ တစ်ယောက်တည်းသာ။

ဟင့်အင်း ဘာတော်သေးတာ‌လဲ  သူ့နှလုံးသား တစ်ပါးသောလောကမှာ ကျန်ရစ်ခဲ့ပြီလေ ။ မဏိ မဏိရော ဘယ်လိုဖြစ်ကျန်ခဲ့မလဲ ….

မေ့ပျောက်သွားလေမလား ရင်နာရပေမယ့် အင်း မေ့ပျောက်သွားခဲ့တာကလဲ တစ်မျိုး ကောင်းပါတယ်လေ ။

လက်ချောင်းတို့ဆီ မရည်ရွယ်ဘဲ အကြည့်ပို့မိလျှင် ပတ္တမြားလက်စွပ်က ဝင့်ထည်စွာ တည်ရှိလျက် စိတ်ကူးယဉ်တံလျပ် တစ်ခု မဟုတ်ခဲ့ကြောင်း သက်သေတည်နေ၏။

ဧကနဒီဟာ အမှန်တကယ် တည်ရှိခဲ့ကြောင်း သက်သေတည်နေကာ  သုန္ဒရကို မမေ့ပစ်စေလိုကြောင်း သတိပေးနေသလို ။ 

ဧကနဒီ (Completed) Where stories live. Discover now