အပိုင်း ၅

1K 71 2
                                    

လောကနိယာမ များကို ဆန့်ကျင်၍ (သို့) ဧကနဒီ

အပိုင်း ၅

အိမ်တော်၏ ဂိတ်တံခါးဝသို့ ရောက်သည်နှင့် သုန္ဒရ သည် သင်္ခကိုပင် နှုတ်မဆက်အားတော့ဘဲ မြင်းကို မြင်းဇောင်းသို့သာ တဟုန်ထိုးစီးနင်းပြီးနောက် သူ၏ကိုယ်ပိုင် အိပ်ခန်းဆောင်ဆီ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

ကိုယ်ပိုင်အိပ်ခန်းဆီ ရောက်သည်နှင့် ကျွန်းတံခါးကြီးအား ပိတ်လိုက်ပြီး စက်ရာညောင်စောင်းပေါ် ပစ်လှဲချလိုက်သည်။ ခုနက ပုံရိပ်များသည် အနှေးကွက်ဖြင့် သူ၏အာရုံထဲ တဖျပ်ဖျပ် ပေါ်လာပြန်၏။

မိုးချုန်းသံတဂျိန်းဂျိန်း ၊ လျှပ်တဝင်းဝင်း ၊ ဧရာမလှိုင်းလုံးကြီးတို့ဖြင့် ကြောက်မက်ဖွယ်အတိ ဖြစ်နေပါသည့် ပင်လယ်ပြင်ကြီး အတွင်း ကုန်သွယ်လှေကြီးတစ်စင်းသည် လှိုင်းလေတို့အလယ် အံတုလျက် ရှေ့သို့ဆက်နေ၏။

သမုဒ္ဒရာ၏ မိစ္ဆာခေါ်သံကို မည်သူအံ့တုနိုင်မည်နည်း။လှေကြီးကို အကောင်းဆုံးကြိုးစားရွက်လွင့် နေကြသော လှေထိုးသားများ အားအင်ချိလာချေပြီ။မကြာမီပင် လှိုင်းတို့၏ရိုတ်ခတ်မှုကြောင့် ပျဥ်စတို့ ကွဲအက်လာချေ၏။ ယခုအချိန်တွင် လှေကိုစွန့်ကာသာ ကိုယ်လွတ်ရုန်းရန်သာ ရှိတော့သည်။ လှေပေါ်ရှိလူများသည် ရေပေါ်,ပေါ်နိုင်လောက်မည့် ပစ္စည်းတို့ကို အပြေးအလွှားရှာကာ လှေပေါ်မှ တစ်ယောက်ပြီး တစ်ယောက်ခုန်ဆင်းကြ၏။ လှိုင်းထန်သောပင်လယ်အတွင်း ခုန်ဆင်းခြင်းသည် သေလမ်းရှာနေသည်ဖြစ်သော်လည်း လှေပေါ်တွင် ထိုင်ကာ နစ်မြုပ်သည်အထိ စောင့်နေသည်ထက်တော့ အသက်ရှင်ရန် လမ်းစပိုလိမ့်မည်။

ရုတ်ရုတ်သဲသဲ လူများအလယ် သုန္ဒရ ရင်းနှီးပြီးသား စက္က၏ပုံရိပ် ထင်လာ၏။ စက္ကသည် ခေါင်းဆောင်ကောင်း ပီသစွာ လူတိုင်းအား အလျင်ဆင်းစေ၏။ လူတိုင်း လှေပေါ်မှ ထွက်သွားကြောင်း သေချာမှသာ ပင်လယ်အတွင်း ခုန်ဆင်းရန် ပြင်လိုက်သည်။ကံတရားကား စက္က ဘက်မရှိစွာ ရုတ်တရက်ရိုက်ခတ်လာသော လှိုင်းလုံးကြီးကြောင့် ကျိုးပဲ့သွားသော ရွက်တိုင်က စက္က၏ ဘယ်လက်မောင်းပေါ် တည့်တည့်ကျိုးကျလာ၏။

ဧကနဒီ (Completed) Where stories live. Discover now