ဧကနဒီ အပိုင်း ၁၈
အိမ်တော်ဝင်းကြီး တစ်ခုရှေ့ သုန္ဒရသည်မြင်းကိုရပ်လိုက်ပြီးနောက် မြင်းပေါ်မှ ဆင်းကာ ခြံဝန်းတံခါးကိုခေါက်လိုက်သည်။ချက်ချင်းပင် အစောင့်ဖြစ်ဟန်တူသူက တံခါးကိုဖွင့်လာပြီး သုန္ဒရကို စူးစမ်းဟန်တစ်ချက်ကြည့်ပြီးမှ ရိုသေလေးစားသည့်အမူအရာနှင့် ဦးညွှတ်လာ၏။
'' အဘယ်သူနဲ့ တွေ့ချင်လို့ပါသလဲ ''
သုန္ဒရသည် ပြုံးပြလိုက်ပြီးမှ ပြောလိုက်သည်။
'' သုန္ဒရ ရောက်လာတယ်လို့ အဖိုးကို သွားပြောချေ ''သူ့စကားအဆုံး ဝင်းတံခါးစောင့်၏ အမူအရာပြောင်းလဲသွားပြီး ရှေ့မှလမ်းပြမည့်ဟန် ကိုယ်အမူအရာပြလာပြီး ပြောလာ၏။
'' ကျွန်တော်မျိုးနဲ့အတူ ဝင်ခဲ့ပါသခင် ''မဏိရဇ္ဇသည် အမြင်မတော်စွာ ဝင်ပြောမိတော့၏။ လူဆိုးလား၊လူကောင်းလား သေချာမသိဘဲနဲ့ အိမ်တော်ထဲခေါ်တယ်၊ မကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတဲ့လူဆို ဘယ့်နှယ့်လုပ်မလဲ။
'' ကျုပ်တို့က လူလိမ်ဖြစ်နေရင် သင်ဘယ့်နှယ့်လုပ်မလဲ လုံခြုံရေး ပေါ့လျော့လှချည်လား ''ထိုအစောင့်သည်တော့ ပြုံးပြလာရင်း
'' သုန္ဒရဆိုတာ ကျွန်တော်မျိုးတို့ရဲ့ သခင်ငယ်ဖြစ်ကြောင်း သိပြီးသားပါ၊ သခင်ငယ်ရဲ့ ရုပ်ရည်ကိုမတွေ့ဖူးပေမဲ့ လက်ရှိတွေ့လိုက်ရတဲ့အချိန် သခင်ငယ်ဖြစ်ကြောင်း ထင်ရှားစွာ သိလိုက်ရပါတယ်၊ သည်နေရာက ဂန္ဓမာလာပါ ၊ ကျွန်တော်မျိုးတို့က ဝမ်းတွင်းပါအသိကို အကြွင်းမဲ့ ယုံကြည်ပါတယ် ''မဏိရဇ္ဇ ထပ်မံ၍ ပြောလိုက်မိဆဲ။
'' သင်တို့လုပ်ပုံက ဆင်ကန်းတောတိုးသလို ဖြစ်မနေဘူးလား '''' ကံစီမံရာပေါ့ ဧည့်သည်တော် ''
ကံစီမံရာဆိုသည့် ထိုစကားလုံးကို ကြားလိုက်သည့်အချိန် မဏိရဇ္ဇ တုန်လှုပ်မိသွားမိ၏။ ဘာကြောင့်မှန်းမသိ ကူရာမဲ့သည့် ခံစားချက်အချို့ ကြီးစိုးလာပြီးမွန်းကြပ်သလို ဖြစ်လာသည်။ မဏိရဇ္ဇ၏ မျက်နှာရိပ်မျက်နှာကဲကို အမြဲ အကဲခတ်နေသူ သုန္ဒရသည် မဏိ၏မျက်ခုံးတန်းတို့ အနည်းငယ် တွန့်ချိုးသွားသည်ကို မြင်လျှင် ဝင်ရောက်ပြောဆိုလိုက်သည်။
'' ကဲ အထဲဝင်ကြတာပေါ့ ၊ကျွန်ုပ်တို့ ကနေ့ရောက်လာလိမ့်မယ်လို့ အဖိုး ညွှန်ကြားထားလို့မဟုတ်လား ၊သွား ရှေ့ကလမ်းပြချေ ''
YOU ARE READING
ဧကနဒီ (Completed)
Romansa''မောင်မင်းဟာ ကိုယ်တော်ရဲ့ ဧကနဒီပါပဲ သုန္ဒရ'' ဧကနဒီ ပြည်ဆီ အလည်တစ်ခေါက်သွားကြရအောင်လား💜 ကိုယ့်ရဲ့Ficထဲမှာ ပါဝင်သမျှ အကြောင်းအရာတွေက ကိုယ့်ရဲ့ စိတ်ကူးယဥ်မှု သက်သက်သာ ဖြစ်ပါတယ်..ဒီတော့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါနော်။ End Date - 17.9.2023(SUN)