ဧကနဒီ အပိုင်း ၁၆
ရှေ့မှ မီးခိုးတလူလူကို လှမ်းတွေ့လိုက်ရ၍ မဏိရဇ္ဇပြောလိုက်မိသည်။
''မနီးမဝေးဆို လူနေအိမ်ခြေရှိတယ်ထင်ပါ့ သုန္ဒရ''သုန္ဒရလည်း ထောက်ခံစွာ ခေါင်းညိတ်ပြလိုက်ပြီးပြောလိုက်သည်။
''ဟုတ်လောက်မယ် မဏိ''ရှေ့သို့ဆက်၍ မြင်းနှင်လိုက်လျှင် မကြာမီအချိန်အတွင်း ပြန့်ပြူးနေသော လမ်းမနှင့်အတူ အိမ်ဝိုင်းကျယ်တို့လှမ်းတွေ့ရ၏။
''ဂန္ဓမာလာတိုင်း၊ မုဒြာမြို့''
ရွှေဆေးတို့ဖြင့် ရေးထွင်းထားသော ကမ္ပည်းပြားက မြို့အဝင်တွင် တင့်တယ်စွာ။တောအုပ်၏အလွန်တွင် ဤသို့ကြီးကျယ်ခမ်းနားသည့်မြို့ကို တွေ့လိုက်ရမည်ဟု သုန္ဒရ ထင်မထားခဲ့။တောကြီးမျက်မည်းထဲမှ သုခဘုံအလားပင်။ ရွှေမြို့တော်သို့ရောက်ရှိနေသည်ဟုပင် ထင်ယောင်ထင်မှား အလား။ လှည်းယာဥ်တို့ဖြင့်သွားလာသူက သွားလာနှင့် တကယ့်ကို စည်ကားလှ၏။
'' မဏိ ကျွန်ုပ်တို့ တောခြောက်ခံရတာတော့ မဟုတ်လောက်ပါဘူးနော် ''
သုန္ဒရ မဝံ့မရဲ မေးလိုက်မေးသည်။ တောအုပ်အလွန်တွင် ဤသို့ ခမ်းနားစည်ပင်သည့်မြို့တော်ကို တွေ့လိုက်ရသည့်အတွက် သူ အရင်ကမ္ဘာတွင် ဖတ်နေကြ တာတေစာအုပ်တို့မှ ကျက်ကုန်းသို့ပင် ရောက်လေရော့သလား တွေးမိကာ ကျောထဲစိမ့်တက်လာသည်။မဏိသည် သုန္ဒ၏အမေးကြောင့် နားဝေတိမ်တောင်ဖြစ်သွားပြီးမှ သဘောတကျ ပြုံးမိလျက် ပြန်ဖြေရန်ပြင်လိုက်စဥ် မိန်းမပျိုနှစ်ဦးက သူတို့ထံချဥ်းကပ်လာ၏။ မိန်းမပျိုငယ်တို့၏ ဝတ်စားဆင်ယင်ပုံသည်ဧကနဒီမိန်းမပျိုတို့နှင့် အနည်းငယ်ကွဲပြား၏။ ဂန္ဓမာလာသူတို့က အဆင်တန်ဆာကိုပို၍ ဝတ်ကြကာ မိန်းမပျိုတိုင်းလို ပန်းကိုဆံထုံးတွင် သင့်တင့်စွာပန်တတ်ကြသည်။ယခုမိန်းမပျိုနှစ်ဦးလည်း ပုတီးစေ့လည်ဆွဲတို့ကို လှပစွာဆင်မြန်းထားကြပြီး ပဝါတို့ကိုပုခုံးထက် လွှမ်းထား၏။ မိန်းမပျိုတစ်ဦးက စတင်၍ စကားစလာသည်။
''အသင်တို့ ကနေ့ ရောက်မလာတော့ဘူးတောင် ကျွန်ုပ်တို့ထင်နေတာ ''
ကျန်တစ်ဦးက ပထမတစ်ဦးကိုလက်နှင့် အသာပုတ်လိုက်ရင်း
'' ယုဝတီငယ် ပြောထားတဲ့ဟာ သေချာပေါက်ရောက်လာမှာပါလို့ ကျွန်ုပ်ပြောသားပဲ...'' ပြီးမှ သုန္ဒရတို့ဘက်လှည့်ကာ ပြုံးပြလာရင်း '' အသင်တို့ရုတ်တရက်ဆိုတော့ လန့်သွားလားမသိ ၊ ယုဝတီငယ်က အရေးကြီး ဧည့်သည့်တော်နှစ်ယောက် ရောက်လာမယ်ဆိုလို့ ကျွန်ုပ်တို့စောင့်နေတာ''
YOU ARE READING
ဧကနဒီ (Completed)
Romance''မောင်မင်းဟာ ကိုယ်တော်ရဲ့ ဧကနဒီပါပဲ သုန္ဒရ'' ဧကနဒီ ပြည်ဆီ အလည်တစ်ခေါက်သွားကြရအောင်လား💜 ကိုယ့်ရဲ့Ficထဲမှာ ပါဝင်သမျှ အကြောင်းအရာတွေက ကိုယ့်ရဲ့ စိတ်ကူးယဥ်မှု သက်သက်သာ ဖြစ်ပါတယ်..ဒီတော့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါနော်။ End Date - 17.9.2023(SUN)