အပိုင်း ၂၇

661 32 1
                                    

လောကနိယာမများကို ဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၂၇

မူးဝေနေသော စိတ်အစဉ်မှသည် ကြည်လင်လာသည့် တစ်ခဏ သုန္ဒရ မျက်လုံးအသာဖွင့်လိုက်မိလျှင် ရှေးခေတ် အဆောင်အယောင်သစ်သား မျက်နှာကျက်ကို တွေ့လိုက်ရသည့်အတွက် သူ ပြန်ရောက်လာပြီဖြစ်ကြောင်း သုန္ဒရ သိလိုက်သည် ။ သူ့လက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားသည်မှာ အရှင့်သား ဖြစ်ကြောင်း သုန္ဒရ သိလိုက်သည် ။ လူးလွန့်ကာ ထဖို့ပြင်လိုက်သည့်အချိန် မဏိရဇ္ဇသည် သူ့ကို ကြောင်အစွာ စိုက်ကြည့်လာပြီးမှ အားနှင့်ဆွဲဖက်လိုက်၏။

“ သုန္ဒရ သုန္ဒရ တော်သေးတာပေါ့ သုန္ဒရယ် ”

ပွေ့ဖက်လာသည်ကို သုန္ဒရ မငြင်းဆန်မိ။ မဏိရဇ္ဇ၏ ပခုံးကို အသာပြန်ပုတ်လိုက်သည်။

နောက်ဆုံးနှုတ်ဆက်ချိန် ရောက်ပေတော့မယ် အရှင့်သားရယ်

အတန်ကြာမှ မဏိရဇ္ဇက သုန္ဒရကို လွှတ်ပေးလာပြီး ‌ခုံပေါ်တွင် အသင့်တင်ထားသော ဆေးခွက်ကို ယူ၍ ပြောလာ၏။
“ သုန္ဒရ မရဘူး ဆေးသောက်ရမယ်လေ ,

မည်းတူးနေသော ဆေးရည်ကို ကြည့်ယုံဖြင့်ပင် သုန္ဒရ ပျို့တက်လာသလို ။ အခါးမကြောက်သော်လည်း ပါးစပ်ထဲ စွဲကျန်နေခဲ့မည့် မြန်မာဆေးကြီးများကိုတော့ သုန္ဒရ မနှစ်မြို့ ။ တွန့်ချိုးလာသော မျက်ခုံးတန်းတို့နှင့်အတူ မနှစ်မြို့ဟန် အထင်သားဖြစ်နေသည့် သူ့မျက်နှာကို အရှင့်သားက ကြည့်ရင်း ပြောလာ၏။

“ အားဆေး သောက်ရမယ် သုန္ဒရ ”

သုန္ဒရသည် မျက်နှာလွှဲလိုက်ရင်း
“ အရှင့်သား ကျွန်ုပ်က တကယ် ဘာမှမဖြစ်ပါဘူး ”

“ မောင်မင်း သွေးအန်ပြီး မေ့လဲသွားတာက ဘာမှမဖြစ်ဘူးလား ”

” ဒါကပါမွှားလေးပါ အရှင့်သားရယ် သိမြင်သူတိုင်း ဖြစ်နေကြပဲကို ”

သူ့စကားအဆုံး အရှင့်သား တိတ်ဆိတ်သွားပြီးနောက် ဆေးခွက်ကို ဆောင့်ချကာ ထွက်သွားလေ၏။

မဏိရဇ္ဇ၏ ရင်အတွင်းတော့ သုန္ဒရ၏ စကားကြောင့် ဗလောင်ဆူစွာ ။
သူ မသိခဲ့တဲ့အချိန်မှာ သုန္ဒရ ဘယ်လိုတွေဖြစ်ခဲ့ပြီးပြီလဲ

ဧကနဒီ (Completed) Where stories live. Discover now