အပိုင်း ၈

992 59 2
                                    

လောကနိယာမများကိုဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၈

ယနေ့သည် သေနင်္ဂသဘင်၏ နောက်ဆုံးပိတ် အမဲလိုက်ပွဲဖြစ်သည်။
ပြိုင်ပွဲအသီးသီးမှ သက်ဆိုင်ရာအောင်နိုင်သူများအပြင် မင်းညီမင်သား၊ မှူးမတ်သူကြွယ်သားတို့ပါ ပါဝင်ခွင့်ရသည့်အတွက် အလွန်ပင်စည်းကားသည်ဟု ဆိုနိုင်သည်။အကောင်းဆုံးသားကောင်ကို ရရှိသူကဆုတော်လာဘ်တော်များစွာ ချီးမြှင့်ခံရပေလိမ့်မည်။ညပိုင်းတွင်ကား မီးပုံပွဲပြုလုပ်ပေးမည်ဖြစ်သည်။

သုန္ဒရ တို့သည် မြင်းကိုယ်စီနှင့်ဖြစ်၏။အမဲလိုက်ရာတွင် လေးနှင့်မြားသည် အသင့်တော်ဆုံးဖြစ်သည့်အတွက် လေးနှင့်မြားကိုယ်စီလွယ်ထားကြသည်။

မဏိရဇ္ဇက စပြောလာသည်။
''သုန္ဒရ ကိုယ်တော်ဘေးမှာသာနေ အဝေးမသွားနဲ့နော်''

''မှန်ပါ့အရှင့်သား ''

ထိုစဥ် ဓိုရာက အကြံပေးလာ၏။
''လူများရင် ကောင်းတယ်ဆိုပေမဲ့ များလွန်းရင်လည်း သားကောင်ကိုလှန့်သလို ဖြစ်နေမယ် ကျုပ်တို့အဖွဲ့ခွဲသွားတာကောင်းမယ်ထင်ပါ့''

မဏိရဇ္ဇက ဆုံးဖြတ်ပေးလိုက်သည်။ကိုယ်ကျိုးအတွက် အာဏာအနည်းငယ်သုံးလိုက်သည်။​ဗွေမယူပါလင့်။
''ကိုယ်တော်ရယ် သုန္ဒရ ရယ် သင်္ခရယ် တစ်ဖွဲ့သွားမယ် စက္ကတို့နှစ်ယောက်က တစ်ဖွဲ့သွားဖြစ်တယ်မလား?''

အရှင့်သား၏စကားကြောင့် စက္ကသည် သုန္ဒရကို စိတ်မချဟန်တစ်ချက်ကြည့်လာကာ
''သို့ပေမဲ့...လူက မများ.....''

မဏိရဇ္ဇသည် ရင်ထဲဘဝင်မကျသော်လည်း သုန္ဒရ ကို စိုးရိမ်သည်မှာ သဘာဝကျသည်မို့ မျက်မှောင်ကြုံ့လိုက်ရင်း
''သာမန် တောလိုက်ထွက်တာဆို လူက မများဘူး ဟုတ်တယ် ဒါပေမဲ့ခုလူအရေအတွက်ကိုကြည့် လူသံမြင်းသံနဲ့တင် တောကောင်တွေပုန်းအောင်းနေလောက်ပြီ ဒီတော့လူစုခွဲမှ ဖြစ်မယ် သင်နဲ့ဓိုရာက အမြဲလိုလိုအတူတူအမဲလိုက်ထွက်နေကြမို့ သင်တို့နှစ်ယောက်ဆို ပိုအဆင်ပြေမယ်ထင်ပါ့ !သုန္ဒရ အတွက် စိတ်ချပါလေ ကိုယ်တော် စောင့်ရှောက်ပေးနိုင်ပါတယ်''

သုန္ဒရ လည်း ဝင်ပြောလိုက်သည်။
''အရှင့်သားရော သင်္ခရောပါနေတာပဲ ကျွန်ုပ်အဆင်ပြေမှာပါ စက္ကရဲ့! ပြီးတော့ ကျွန်ုပ်က လျှိုမြောင်တွေမရှိတဲ့ အရှေ့ပိုင်းကို သွားမယ်ရည်ရွယ်တယ်! ကျွန်ုပ်တို့နဲ့ အတူလိုက်ရင် တောကောင်ကြီး မမိဘဲ နေမယ်နော့ ''

ဧကနဒီ (Completed) Where stories live. Discover now