ဧကနဒီ အပိုင်း၁၃
အိမ်ရှေ့စံ၏ နန်းဆောင်တော်။စာကြည့်ဆောင်အတွင်း ပေလွှာ၊ပရပိုဒ်များက တောင်ပုံရာပုံ။လူနှစ်ဦးသည်တော့ ပေလွှာအချို့ကို လှန်လှောဖတ်နေရင်း စကားစမြည် ပြောနေကြ၏။
မဏိရဇ္ဇသည် ပရပိုဒ် တစ်ခုကို ဖတ်နေရင်း မေးလိုက်မိသည်။
''ဂန္ဓမာလာအကြောင်း လေ့လာရင်းနဲ့ ''သိမြင်သူ အရှင်'' တွေ အကြောင်း စိတ်ဝင်စားမိတယ်..၊ အနာဂတ်ကို ကြိုတင်သိမြင်ခံစားနိုင်တဲ့ စွမ်းရည်ကို ဂန္ဓာမာလာ ပြည်သူ ပြည်သားတိုင်း ပိုင်ဆိုင်တယ်ဆိုပဲ ..၊ ဘာ့ကြောင့်များလဲ..''သုန္ဒရသည် အသာပြုံးလိုက်မိရင်း
''အရှင့်သား မေးမိတဲ့လူမှန်သွားပြီ..၊အရှင့်သားသိတဲ့အတိုင်း ကျွန်ုပ်မိခင်က ဂန္ဓာမာလာပြည်သူလေ ..၊ မယ်မယ်ပြောပြဖူးတဲ့ ဒဏ္ဍာရီတစ်ခုရှိတယ် ..၊ဟိုးရှေးရှေးတုံးက မိသားစုတစ်ခုရှိတယ်တဲ့၊ အမေရယ်၊အဖေရယ် ၊သားလေးရယ်ပေါ့၊ မိသားစုလိုက် တောထဲဝင် အမဲလိုက်သူကလိုက်၊ဟင်းရွက်ခူးသူက ခူးရင်း အသက်မွေးနေကြတယ်တဲ့၊ တစ်နေ့တော့ တောထဲမှာ လူတစ်ယောက် တောဝက်ရိုင်းလိုက်ဆွဲတာကိုခံနေရတာတွေ့လို့ အမြင်မတော်ဘဲ ဝင်ကူညီပေးမိတယ် ၊ ဒါပေမဲ့ တောဝက်ရိုင်းကြောင့် ပြေးရင်းလွှားရင်းနဲ့ ကံမကောင်းရှာတဲ့ သားလေးဟာ ချော်လဲပြီးရင်ဝကိုငုတ်ထိုးမိပြီး သေသွားရရှာတယ်တဲ့၊ လူစိမ်းဟာတော့ အသက်ဘေးကလွတ်မြောက်သွားတာပေါ့''သုန္ဒရသည် အရှင့်သား၏ မျက်နှာကို အကဲခတ်လိုက်သည်။ယုံတမ်းပုံပြင်တစ်ခုသာဖြစ်၍ စိတ်မဝင်စားသည့်လူ၊ မယုံကြည်သည့်လူ ခပ်များများ မဟုတ်ပေလား။ သို့သော် အရှင့်သား၏မျက်နှာထက် စိတ်ဝင်တစား နားထောင်နေသည့်ဟန်ကို မြင်လျှင် ဆက်ပြောလိုက်သည်။သုန္ဒရမသိသည်ကား မဏိရဇ္ဇသည် သူ့ ပြောစကားမှန်သမျှကို စိတ်ဝင်တစား နားထောင်မှာကိုပင်။
''မိခင်နဲ့ဖခင်ဟာ သားအလောင်းကိုပွေ့လို့ ဒီလိုတွေသာ ဖြစ်မယ်မှန်းသိရင်၊ အနာဂတ်ကိုကြိုတင်သိမြင်နိုင်စွမ်းသာရှိခဲ့ရင် မကယ်ပါဘူးလို့ ပြောပြောငိုကြသတဲ့....၊ လူစိမ်းဟာ တကယ်တော့ တောင်စောင့်နတ်မင်းဖြစ်နေခဲ့တယ် ၊ သူကမေးတယ် တကယ်ပဲအနာဂတ်ကိုကြိုသိနိုင်ခဲ့ရင် ကျုပ်ကို တကယ်ပဲမကယ်ဘူးလားတဲ့..၊ သားဇောကပ်နေတဲ့ မိဘနှစ်ပါးက ချက်ချင်းပဲ မကယ်ဘူးလို့ ပြောတာပေါ့''
YOU ARE READING
ဧကနဒီ (Completed)
Romantizm''မောင်မင်းဟာ ကိုယ်တော်ရဲ့ ဧကနဒီပါပဲ သုန္ဒရ'' ဧကနဒီ ပြည်ဆီ အလည်တစ်ခေါက်သွားကြရအောင်လား💜 ကိုယ့်ရဲ့Ficထဲမှာ ပါဝင်သမျှ အကြောင်းအရာတွေက ကိုယ့်ရဲ့ စိတ်ကူးယဥ်မှု သက်သက်သာ ဖြစ်ပါတယ်..ဒီတော့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါနော်။ End Date - 17.9.2023(SUN)