အပိုင်း ၂၈

691 35 0
                                    

လောကနိယာမများကို ဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၂၈

နန်းဆောင်အတွင်း မျက်နှာချင်းဆိုင်ရပ်နေသူ နှစ်ယောက်၏ မျက်နှာထားများသည်တော့ ကြည်သာနေခြင်းမရှိ ။ သုဒိဗ္ဗသည် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ ကန္တသီရိ မှန်မှန်ပြောစမ်း ကာကသူရနဲ့ ညီမတော် ဘယ်အချိန်က မေတ္တာမျှသွားတာလဲ ဟမ် ကိုယ်တော့်ကို မတိုင်ပဲရဲတဲ့ ကိစ္စရှိခဲ့လို့လား ဟမ် ”

ကန္တသီရိ၏ မျက်နှာထက် မဲ့ပြုံးတစ်ပွင့်ပေါ်လာပြီးနောက်
“ ဘာလို့ဆို မေတ္တာ မမျှသေးတာကြောင့်ပေါ့ အစ်ကိုတော် ”

ခနိုးခနဲ့ရယ်သံက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည့်အလား ။ ကန္တသီရိသည် ခါးသက်စွာ ဆက်ပြောလာ၏။
“ ဟုတ်တယ် ကာကသူရကို တစ်ဖက်သတ် မေတ္တာသက်ဝင်နေမိတာ ညီမတော်ပဲ ၊ သူ့ကို ချည်နှောင်ချင်နေမိတာ ညီမတော်မို့လို့ပဲ သူ့ဘက်က ညီမတော်အပေါ် ထပ်တူ မေတ္တာရှိတယ်လို့ ထင်မိပေမယ့် တစ်ခါတစ်လေတော့လဲ နှမငယ်တစ်ယောက်လိုပဲ မေတ္တာရှိတာလားလို့ စိတ်မောရပြန်တယ် အစ်ကိုတော် ၊ ဟုတ်တယ် ညီမတော် အစ်ကိုတော်ကို မပြောရဲတဲ့ ကိစ္စမရှိဘူး ဒါပေမဲ့ မေတ္တာရေးနဲ့ ပတ်သက်လာရင် ဘယ်သူက သူရဲဘော မကြောင်လို့လဲ အစ်ကိုတော်ရယ် ”

ကန္တသီရိ၏ အဆုံးသတ်စကားက သုဒိဗ္ဗ၏ရင်ကို ပြင်ထန်းစွာ လာစိုက်၏။
ဟုတ်ပေသား မေတ္တာရေးနဲ့ ပတ်သက်လာရင် ဘယ်သူက သူရဲဘော မကြောင်မိလို့လဲ

သုဒိဗ္ဗသည် နှမငယ်၏ အမည်နာမကိုသာ ရေရွတ်မိတော့၏။
“ ခက်ပေသား သီရိရယ် ”

ကန္တသီရိသည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး သုဒိဗ္ဗကို  ရဲဝံ့စွာ ကြည့်၍ တောင်းဆိုလိုက်သည်။
“ ညီမတော် ဒီလို တောင်းဆိုပါတယ် ညီမတော်ကို ကာကသူရနဲ့ လက်ဆက်ခွင့်ပြုပါ ”

သုဒိဗ္ဗ သက်မောရှိုက်လိုက်မိရင်း
“ နှစ်ဦးနှစ်ဖက် မေတ္တာမျှနေရင် မပြောလိုဘူး သီရိ ခုဟာက... ”

ကန္တသီရိ၏ အဖြေက ပြတ်သားစွာ ။
“ မင်းအမိန့်ကို ဘယ်သူက လွန်ဆန်နိုင်မှာ မို့လို့လဲ အရှင် "

ဧကနဒီ (Completed) Where stories live. Discover now