အပိုင်း ၁၂

867 51 0
                                    

ဧကနဒီ
အပိုင်း ၁၂

ညီလာခံ ကျင်းပရာ အချိန်သို့ ကျရောက်သည်နှင့် အရှင်မင်းတရားကြီးသည် နောက်ပါ အခြွေအရံများနှင့် ကြွချီတော်မူလာ၏။ရာဇပလ္လင်ထက် စံပါယ်တော်မူပြီးသည်နှင့် အောင်မြင်ထည်ဝါသည့် အသံနှင့် နှုတ်တော် ဖွင့်ဟလာသည်။
''မင်းကြီးများ''

မှူးမတ်ဗိုလ်ပါတို့၏ ထူးသံက ညီညာစွာ။
''ဘုရား ''

''ကျန်းခံ့သာလို့ မာရဲ့လားကွဲ့''

''ဘုန်းတော်ကြောင့် မာကြောင်းပါဘုရား''

အရှင်မင်းကြီးသည် ထို့နောက် တည်ကြည်လေးနက်စွာ ပြောလာ၏။
''ဂန္ဓမာလာမှာ မင်းအသစ်နန်းတက်တဲ့အကြောင်း မောင်မင်းတို့ ကြားပြီးဖြစ်မပေါ့''

''မှန်ပါ့ ဘုရား''

''မိတ်ဖက် တိုင်းပြည်အနေနဲ့ ကိုယ်တော်တို့က ဂန္ဓမာလာဆီ ဝမ်းမြောက်ကြောင်း သဝဏ်လွှာနဲ့ အတူ လက်ဆောင်ပဏ္ဏာတွေ ပေးပို့ရမည်ကော''

''သင့်တင့်လှကြောင်းပါ အရှင်မင်းကြီး''

''အေးကွဲ့ သံတမန် အဖွဲ့ ခေါင်းဆောင်အဖြစ် အိမ်ရှေ့စံကို ခန့်အပ်ဖို့ ကိုယ်တော် ရည်ရွယ်ထားတယ်! မောင်မင်းတို့ သဘောကရော''

''သင့်တင့်လှကြောင်းပါ ဘုရား''

အရှင်းမင်းတရားကြီးသည် ခေါင်းတစ်ချက် ဆတ်လိုက်ပြီးနောက် လေးနက်စွာ မိန့်ကြားလိုက်သည်။
''ကောင်းပြီ နာခံလော့ အိမ်ရှေ့စံမင်း...ယနေ့မှစ တစ်ဆယ့်ငါးရက်မြောက်သောနေ့မှာ သံတမန်အဖွဲ့ကို ဦးစီးလို့ ဂန္ဓမာလာဆီ သွားရောက်ရမယ်..၊ အမိန့်တော်..''

မဏိရဇ္ဇသည် အမိန့်တော်ကို နာခံကြောင်းအရိုအသေပြုလိုက်ရင်း
''အမိန့်တော်မြတ်အတိုင်းပါ အရှင်မင်းကြီး..''

တိုင်းရေးပြည်ရာ အဖြာဖြာကို ဆက်လက်ဆွေးနွေးကြပြီးနောက် ညီလာခံသိမ်းလေပြီ။သုန္ဒရ နှင့် မဏိရဇ္ဇတို့ ညီလာခံအပြီး ထွက်ခွာသွားဖို့ ပြင်နေစဥ် အရှင်မင်းတရားကြီး၏ အပါးတော်မြဲ မိန်းမစိုးက အရိုအသေပြုရင်း လျှောက်တင်လာ၏။
''အရှင်သား အရှင်မင်းတရားကြီးက အတွင်းနန်းဆောင်ဆီ အခစားဝင်ခဲ့ပါတဲ့ ဘုရာ့.. ၊ အမတ်မင်း သုန္ဒရ ကိုပါ အခေါ်ရှိပါတယ်ဘုရာ့''

ဧကနဒီ (Completed) Where stories live. Discover now