အပိုင်း ၁၁

925 56 0
                                    

ဧကနဒီ အပိုင်း၁၁

ရွှေနန်းတော်၏ လှပခမ်းနားသောအဆောင်ဆောင်အခန်းအခန်းကို ဖြတ်ကျော်ခဲ့ပြီးနောက် အရှင်နားနေတော်မူရာအတွင်းဘက်နန်းဆောင်ရှေ့ရောက်ရှိခဲ့တော့သည်။ရှင်ဘုရင်၏အတွင်းနန်းဆောင်ဖြစ်သည်မို့ ရှင်ဘုရင့်အမိန့်တော်အတိုင်း ရွှေဓားစွဲဗိုလ်က တာဝန်ကျေစွာတားဆီးလာ၏။
''ခွင့်လွှတ်တော်မူပါ အရှင့်သား! စိုးရွံ့မိပေမဲ့ မင်းတရားကြီးက အရှင့်သားတစ်ယောက်ကိုပဲ အခေါ်တော်ရှိတာပါ ဘုရား!''

မဏိရဇ္ဇသည် သိမ်းငှက်မျက်ဝန်းသဖွယ် စူးရဲလွန်းလှသောမျက်ဝန်းတို့နှင့် ခပ်ထန်ထန်စိုက်ကြည့်ရင်း
''ငါကိုယ်တော် ခေါ်လာတာကို မောင်မင်းတားဝံ့သလား!''

ရွှေဓားစွဲဗိုလ်သည် ချက်ချင်းဒူးထောက်လိုက်ရင်း
''စိုးရွံ့မိပေမဲ့ အရှင့်သား! ဒါဟာ မင်းတရားကြီး အမိန့်တော်မို့လို့...''

''သွားလျှောက်တင်လိုက် ကိုယ်တော်သုန္ဒရကိုပါအတူခေါ်လာတဲ့အကြောင်း!''

အရှင့်သားတို့အခြေအတင်စကားတို့ကြောင့် ပုံမှန်အခြေအနေဆိုလျှင် သုန္ဒရ လက်လျှော့လိုက်မည်မှန်သော်လည်း ယခုတော့ ဝင်မပြောမိ။ဂန္ဓမာလာ တိုင်းပြည်သို့ သွားရမည့်အကြောင်းချင်းရာများ ရှိသည်ဖြစ်၍အတွက်ပင်။များမကြားမီ မင်းတရာကြီးကိုသွားလျှောက်တင်သည့် ရဲမက်တစ်ယောက်အတွင်းဘက်အဆောင်မှ ပြန်ထွက်လာပြီး ရွှေဓားစွဲဗိုလ်ကို တီးတိုးပြောလိုက်သည့်အခါ သူတို့ကို ဒူးတစ်ဖက်ထောက် ရိုသေအသေပြုရင်း ဝင်ခွင့်ပေး၏။

အတွင်းဘက် နန်းဆောင်။အရှင်မင်းတရားကြီးသည် ညီလာခံအချိန်တော်မဟုတ်သည်ဖြစ်ရာ ရွှေငွေအဆောင်အယောင်တို့သိပ်မဝတ်ထား။သို့တိုင်အောင် သြဇာအရှိန်အဝါကမူ ထင်းလင်းနေဆဲဖြစ်၏။ သုန္ဒရ ဒူးထောက်ကာ အရိုအသေပြုမည်ပြင်လျှင် ချက်ချင်းလက်ကိုအသာကိုင်ကာ တားဆီးလာ၏။
''အမိန့်တော်မရှိဘဲ အခစားဝင်တဲ့အတွက် ခွင့်လွှတ်တော်မူပါအရှင်''

''မလိုပေဘူး သားမောင် သုန္ဒရ! နေသာသလို နေချည်!''

မဏိရဇ္ဇသည် ဘုရင်ထိုင်နေသည့် သလွန်ထက် တစ်ဆင့်နိမ့်သည့်သလွန်တွင် ဝင်ထိုင်လိုက်သလို သုန္ဒရလည်း သင့်ရာနေရာတွင် ထိုင်လိုက်သည်။အတန်ကြာမှသာ မင်းတရားကြီးက နှုတ်တော်ဖွင့်ဟလာ၏။
''ကနေ့သားတော်ကိုခေါ်လိုက်တာ အရေးကြီးကိစ္စခန့်အပ်စရာရှိလို့ကွဲ့!''

ဧကနဒီ (Completed) Where stories live. Discover now