အပိုင်း ၂၅

667 35 0
                                    

လောကနိယာမများကို ဆန့်ကျင်၍ (သို့)
ဧကနဒီ
အပိုင်း၂၅

ဂန္ဓမာလာနန်းတော်သို့ မဏိရဇ္ဇတို့ ရောက်ရှိနေသည်မှာ ရက်အနည်းငယ်ပင် ရှိနေပြီဖြစ်သည် ။ ဂန္ဓမာလာပြည့်ရှင်နှင့် မဏိတို့သည်လည်း ရင်းနှီးနေပြီဖြစ်သည်မှာ အမှန်တရား ။ ယနေ့လည်း ပေါ့ပါးစွာ စကားစမြည် ပြောနေကြစဉ် ဂန္ဓမာလာပြည့်ရှင် သုဒိဗ္ဗက ရုတ်ချည်းပြောလာ၏။

“ ‌အဆွေတော်ကို ကိုယ်‌ေတာ့် ရဲ့ ညီမတော်နဲ့ လက်ဆက်ဖို့ ကမ်းလှမ်းချင်ပါတယ် ”

သူ့ကားအဆုံး မဏိရဇ္ဇ ကြောင်အသွားသည့်နည်းတူ ထိုနေရာတွင် တစ်ပါတည်း ရှိနေကြသူ သုန္ဒရနှင့် ဟရိဏီတို့လည်း ထိတ်လန့်ကြောင်အသွားသည်။
“ ဟင် ”

ကန္တသီရိက ဦးစွာ အသိပြန်ဝင်လာပြီး တုန်ယင်နေသော လေသံဖြင့် မယုံကြည်နိုင်စွာ ပြောလိုက်သည် ။
“ အစ်ကိုတော် !  အခု ဘာပြောလိုက်တာလဲ ”

သုဒိဗ္ဗသည် ကန္တသီရိကို ကြည့်၍
“ ညီမတော်မှာ ကြင်နာသူ မရှိသေးဘူး မဟုတ်လား ၊ အဆွေတော် မဏိရဇ္ဇက သင့်တော်တဲ့ ယောက်ျားကောင်း တစ်ဦးပဲ ”

ကန္တသီရိ တုန်လှုပ်ချောက်ချားစွာ ခေါင်းကို တွင်တွင်ခါလိုက်သည်။
မဖြစ်နိုင်တာ ။ သူ ကာကသူရကို မေတ္တာသက်ဝင်နေတာကို အစ်ကိုတော်က မရိပ်မိဘူးတဲ့လား ။ မဖြစ်နိုင်လိုက်တာ ။
နှုတ်ခမ်းတို့ တုန်ယင်စွာ ငြင်းဆိုဟန် ပြင်လိုက်သည်။
“ အို မဟုတ် ”

သို့သော် သူ့စကား မဆုံးသေးမီ သုဒိဗ္ဗက ဖြတ်ပြောလာ၏။
“ နှစ်ပြည်ထောင်အတွက် သင့်တော်ရာကို စီစဉ်ပေးနေတာကို မငြင်းဆန်နဲ့ ကန္တသီရိ ”

မောင်နှမ နှစ်ယောက် အခြေအတင်ဖြစ်နေစဉ် ဟရိဏီသည် တည်ငြိမ်လေးနက်သော အသံဖြင့် ‌တစ်လုံးချင်း ပီသစွာ ဝင်ပြောလိုက်သည်။ မျက်ဝန်းတို့ဟာ သုဒိဗ္ဗထံတွင် ဦးတည်စူးရဲလျက် ။
” ဂန္ဓမာလာမှာ မေတ္တာတရားကို ရှေ့တန်းတင်တယ် ၊ အချစ်နောက်ကို ရူးရူးမိုက်မိုက် လိုက်ကြတယ် ၊ သင်က ဧကရာဇ်တစ်ပါးဆိုတိုင်း ဖိအားပေးလို့ရမလား အရှင်  ”

သုဒိဗ္ဗ ကြောင်အသွားသည့်နည်းတူ ထစ်အစွာ ရေရွတ်မိတော့၏။
“ ဟ ဟရိဏီ ”

ဧကနဒီ (Completed) Where stories live. Discover now