အပိုင်း ၃၇

873 42 5
                                    

လောကနိယာများကို ဆန့်ကျင်၍ (သို့) ဧကနဒီ 

အပိုင်း (၃၇)

မူယာထင်လင်း

သူဇာထင်လင်း

မဏိထင်လင်း …

“ မဏိထင်လင်း… သူ့နာမည်က မဏိထင်လင်းတဲ့လား  ”

အဆိုပါ နာမည်ကို ရေရွတ်နေမိရင်း မဏိရဇ္ဇ ငေးငိုင် တွေဝေမိနေသည်။ တစ်စ တစ်စ သူ့အာရုံထဲ ထင်ရှား ပီသလာသော မှတ်ဉာဏ်တို့ထဲ သူဟာ အမှန်တကယ် ဘယ်သူ များလဲ ဝေခွဲမရတော့သလို ။

မဏိထင်လင်းလား ဒါမှမဟုတ် ဧကနဒီအရှင် မဏိရဇ္ဇလား 

တကယ်ပဲ မေ့မျောနေရင်း အိပ်မက်တစ်ခု မက်ခဲ့တာလား 

ထိုအတွေး ဝင်သည်နှင့် ခေါင်းကို ခပ်ကြမ်းကြမ်း ခါလိုက်သည်။

မဟုတ်နိုင် သူ့ရင်ထဲ ယခုတိုင် ဗလာဖြစ်နေဆဲ။ 

သုန္ဒရ သုန္ဒရ အကြောင်း အသေးစိတ်ကအစ သူ့စိတ်ထဲ ထင်ရှားနေဆဲ ။ တွေဝေနေစရာ အကြောင်းမရှိ ။ လက်ရှိ အချိန်တွင် သူဟာ ဘယ်သူပဲ ဖြစ်နေပါစေ သုန္ဒရကို တွေ့အောင်ရှာရမည် ။

တစ်ခုခု ဝေခွဲမရ ဖြစ်လျှင် လုပ်နေကျအကျင့်အတိုင်း သူ့လက်ခလယ်ရှိ ပတ္တမြား လက်စွပ်ကို ပွတ်သပ်နေမိပြီးမှ ရုတ်တရက် ရပ်လိုက်မိသည်။

လက်စွပ် ဟုတ်သား လက်စွပ် ဒီလက်စွပ်က သက်သေပင် ။ သူကိုယ်တိုင် ဂန္ဓမာလာတွင် အပ်နှံခဲ့သော ဤလက်စွပ်က သူနှင့် အတူပါလာသည် ။ သူ၏ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေ၍ ဝတ်ထားသလို မခံစားရကာ လက်စွပ်အကြောင်း အထွေအထူး စိတ်ထဲ အတွေးမဝင်မိခြင်းသာ ။

မဏိသည် သူ၏ လက်ရှိမိသားစုဝင်များကို ခေါ်လိုက်သည် ။ လက်ရှိခန္ဓာကိုယ်က တစ်ခါတလေ အကြောင်းရင်းမရှိ မေ့မျောတတ်သည့်အတွက် မိသားစုဝင်များက သူ့စကားကိုဆို အလေးထားကာ ဖူးဖူးမှုတ် ဂရုစိုက်ကြသည် ။ မဏိ အားနာမိသော်လည်း သုန္ဒရကို ရှာဖွေဖို့ရာအတွက် သူသည် သူတို့၏သား မဟုတ်ကြောင်း ဖွင့်ပြောရမည်။

“ ကျွန်တော်က ဒီမိသားစုရဲ့ သားမဟုတ်ပါဘူး မဏိရဇ္ဇပါ ဒီလက်စွပ်က သက်သေတည်ပေးနိုင်ပါတယ် ”

ဧကနဒီ (Completed) Where stories live. Discover now