အပိုင်း ၃၃

928 41 11
                                    

လောကနိယာမများကို ဆန့်ကျင်၍ (သို့) ဧကနဒီ

အပိုင်း ၃၃

လေသာပြတင်းပေါက်ရှေ့တွင် သုန္ဒရသည် လပြည့်ဝန်းကြီးကို ငေးမောကြည့်နေပြီး မဏိရဇ္ဇသည်တော့ သူ့ကို အနောက်မှနေ၍ သိုင်းဖက်ထားသည်။

“ လပြည့်ညပဲ ”

မဏိရဇ္ဇသည် သုန္ဒရ၏ ပခုံးပေါ် မေးတင်ထားရင်း ပြောလိုက်သည်။ 

ဒီအချိန် …. ဒီအချိန် ရောက်ပါပြီရောလား…

အိပ်မက်ငယ်လေးဟာ အချိန်တိုတောင်းလှပါဘိ ။

သုန္ဒရလည်း တွေဝေငေးမောနေရာမှ သက်ပြင်းချလိုက်ပြီးနောက် သူ့ခါးထက်ရှိ မဏိရဇ္ဇ၏ လက်အပေါ် သူ့လက်တို့ကို အုပ်မိုးလိုက်ရင်း ပြောလိုက်သည်။

“  ဓနုရာသီရဲ့ လပြည့်ညလေ ကောင်းကင်မှာ နက္ခတ်တာရာတွေ စုံတဲ့လပေါ့ ကျွန်ုပ်တို့ ဧကနဒီ မြစ်ဆိပ်ကို သွားကြမလား မဏိ "

မဏိရဇ္ဇ အံ့အားသင့်မိသွား၏။

“ သည်အချိန်ကြီး…  နေပါဦး ဓနုရာသီ ဆိုတော့ သုန္ဒရရဲ့ မွေးနေ့ နီးလာပြီကော ၊ ဘာလက်ဆောင်လိုချင်လဲ သုန္ဒရ… ”

သုန္ဒရ၏ မွေးနေ့သည် ဓနုရာသီ၏ လဆုတ် ၉ ရက်နေ့ပင် ။ ဤတစ်ကြိမ်တွင်တော့ အတူရှိနိုင်တော့မည် မထင် ။ သူ့အတွက် အချိန်စေ့လေပြီ ။

သုန္ဒရသည် လပြည့်ဝန်းကြီးကို ငေးစိုက်ကြည့်ရင်း မဏိရဇ္ဇ ၏ မေးခွန်းကို လျစ်လျူရှု၍ ထပ်မံပြောလိုက်သည်။

“ သွားကြရအောင်မဏိ ”

မြင်းဇောင်းသို့ရောက်သည့်အခါ ပုံမှန်မြင်းကိုယ်စီဖြင့် သွားလေ့ရှိသော်လည်း သုန္ဒရ အသာပြုံးရယ်လိုက်မိသည်။

“ မဏိ အတူတူသွားစို့လေ ”

မဏိရဇ္ဇသည် သုန္ဒရ၏ စကားအဆုံး ကြောင်အသွားပြီးမှ မထိန်းနိုင်စွာ ပြုံးရယ်လိုက်မိပြီး လက်ကမ်းပေးလိုက်သည်

။ ငွေသော်တာ အလင်းရောင်အောက် လုလင်ပျိုနှစ်ဦး မြင်းတစ်စီးဖြင့်သာ ခရီးနှင်ပုံက နတ်တို့ရေးဆွဲသည့် ပန်းချီအလား လိုက်ဖက်ညီလွန်းနေသလို ။ သို့တည်းမဟုတ် ဝေဝါးပျောက်ကွယ်သွားရမည့် ပုံရိပ်ယောင်တို့ပေလော ။

ဧကနဒီ (Completed) Where stories live. Discover now