အပိုင်း ၃၆

779 38 2
                                    

လောကနိယာမများကို ဆန့်ကျင်၍ (သို့)

ဧကနဒီ

အပိုင်း ၃၆

မဏိရဇ္ဇသည် စန္ဒကူးသေတ္တာလေးကို မြတ်နိုးယုယစွာ ရင်ဝယ်ပိုက်ပြီး နန်းဆောင်ဆီ ပြန်ခဲ့သည် ။ ရောက်လျှင်ရောက်ခြင်း ညီတော် အိမ်ရှေ့စံကို ရှေ့တော်သို့ အခေါ်သွင်းလိုက်သည်။ မဏိသည် ညီတော်ဖြစ်သူကို စေ့စေ့ကြည်လိုက်ရင်း

“ ညီတော် သုံးရက်မြောက်နေ့မှာ ညီတော့်ကို ထီးနန်းလွှဲအပ်တော့မယ် နာခံလော့ ”

နောင်တော် ဖြစ်သူထံမှ ရုတ်တရက် ကြားလိုက်ရသော စကားကြောင့် သိတ္တိ ကြောင်အသွားတော့၏။ ထိတ်လန့်အံ့ဩစွာဖြင့်

“ အရှင်မင်းကြီး မသင့်တော်ကြောင်းပါ အရှင်က ယခုမှ … ”

မဏိသည် စန္ဒကူး သေတ္တာလေးကို ယုယစွာ ပွတ်သပ်လိုက်ရင်း မချိပြုံး တစ်ပွင့်နှင့်အတူ သက်ပြင်းချလျက် ပြောလိုက်သည်။

“ ကိုယ်တော် နောက်ကျနေခဲ့ပြီ ညီတော် …”

“ အရှင် ဘာတွေပြော… ” သိတ္တိသည် စကားကို ရပ်လိုက်ပြီးမှ အခေါ်အဝေါ်ကို ပြင်၍ ဆက်ပြောလိုက်သည်။ “ နောင်တော် … ပြန်သုံးသပ်တော်မူပါ ”

“ ထပ်ပြီး တွေးစရာ မလိုအပ်တော့ပါဘူး ညီတော် သည်ဧကနဒီကို ညီတော့်လက်ထဲ စိတ်ချလက်ချ အပ်ခဲ့ပါရစေ ကိုယ်တော့်ကို ကိုယ်တော့်ရဲ့ ဧကနဒီဆီ သွားခွင့်ပြုပါ ”

“ ‌နောင်တော် …. ”

သိတ္တိ ထက်၍ စောဒက မတက်ရသေးမီမှာပင် မဏိရဇ္ဇက လက်ခါပြလာကာ ထွက်သွားဖို့ အမူအရာပြလာ၏ ။ သိတ္တိလည်း နောင်တော် ဖြစ်သူသည် အခိုင်အမာ ဆုံးဖြတ် ထားပြီးပုံရကာ ဖျောင်းဖျ၍ မရနိုင်တော့မှန်း သိလိုက်ပြီး အရိုအသေပြုကာ ပြန်ထွက်လာခဲ့ယုံသာ တတ်နိုင်တော့သည် ။

သို့သော်လည်း နောင်တော်ဖြစ်သူသည် ယခုမှသာ သက်ဝင် တက်ကြွနေ‌သယောင် သိတ္တိ ခံစားလိုက်ရသည်။ ဤနှစ်များအတွင်း နောင်တော်၏ ပုံစံက ခံစားချက်ပျောက်နေသည့် ရုပ်သေးရုပ် တစ်ခုလိုပင် ။ ယခုမှ အသက် ဝိဉာဏ် ပြန်ဝင်ရောက်လာသည့်အလား ပျော်ရွှင်နေသယောင်လည်း သိတ္တိခံစားမိသည်။

ဧကနဒီ (Completed) Where stories live. Discover now