အပိုင်း ၃၂ ⚠

1.1K 42 8
                                    

Warning: The below contain mature contact, read on your own risk!

လောကနိယာမများကို ဆန့်ကျင်၍ (သို့) ဧကနဒီ

အပိုင်း ၃၂ 

နန်းဆောင်ထဲ ရောက်လျှင်ရောက်ခြင်းပင် သုန္ဒရ၏ နှုတ်ခမ်းတို့ ဖိကပ်နမ်းခံလိုက်ရသည်  ။ မဏိရဇ္ဇသည် အနမ်းတို့ကို အဆုံးသတ်ပြီးနောက် သူ့ကို အားမလိုအားမရ ဖက်တွက်လာကာ လည်တိုင်ကို ခေါင်းဖြင့် အသာအယာပွတ်သပ်လာ၏ ။ ဤအခြေအနေသည် မထူးဆန်းတော့ ။ မဏိရဇ္ဇ၏ မေတ္တာတို့ကို သုန္ဒရ လက်ခံလိုက်သည့် ထိုနေ့မှစ အနားတွင် လူမရှိတော့သည်နှင့် မဏိရဇ္ဇသည် သူ့ကို အားမလို အားမရ ဖက်တွယ်ထားလေ့ရှိသည် ။

သူ နားလည်နိုင်ပါသည် ။ အရှင့်သား၏ မသိစိတ်မှနေ၍ ကြောက်ရွံ့မှုကို ခံစားနေမိဟန်ရသည်။

မဏိရဇ္ဇသည် သုန္ဒရကို တင်းကျပ်စွာ ဖက်တွယ်ထားနေရင်းမှ ရုတ်တရက် လက်ထဲ ဗလာဖြစ်သွားသလို ခံစားလိုက်ရ၏။ မျက်ဝန်းတို့ ပြူးကျယ် ဝိုင်းစက်ကာ အာမေဋိတ်သံပြုမိလိုက်ပြီး တွေဝေစွာ ပိုတင်းတင်း ဖက်မိလျှင် ရင်ခွင်ထဲရှိလူက နာကျင်သည့် ညည်းညူသံသဲ့သဲ့ ပေးလာ၏။

မသိလျှင် တံလျပ်တစ်ခု ကြုံခဲ့သည့်အလား ။ 

အမြင်မှားခြင်း တစ်ခုအလား ။ သို့သော် အမှန်တကယ် ဖြစ်ခဲ့ခြင်းဟု မသိစိတ်က သေချာစွာ ပြောနေသည် ။ 

မဏိရဇ္ဇသည် ဓားလှံလက်နက် တို့ကို မကြောက်ရွံ့ခဲ့သော်လည်း ယခုမူ ကြောက်ရွံ့ခြင်း၏ အရသာကို သေချာစွာ သိလိုက်ရတော့သည် ။

သူ၏ ကုတ်ပိုးဆီ ကျဆင်းလာသော ရေစက်တို့ကြောင့် သုန္ဒရ၏ နှလုံးသား သွေးစိမ်းရှင်ရှင် ထွက်သလို ခံစားလိုက်ရ၏။ သို့တည်းမဟုတ် တမြေ့မြေ့လောင်ကျွမ်းနေသလို ။

မဏိရဇ္ဇ၏ ရင်ခွင်ထဲမှ အသာရုန်းထွက်လိုက်ရင်း မဏိရဇ္ဇ၏ ပါးပြင်ကို လက်ခုပ်ထဲထည့်လိုက်ကာ လက်မဖြင့် မျက်ရည်စတို့ကို သုတ်ပေးလိုက်သည်။

“ အရှင့်သားရယ် မျက်ရည်မကျလိုက်ပါနဲ့ ”

မျက်ရည် မျက်ရည်မကျနဲ့တဲ့လား ဘယ်သူက မျက်ရည်ကျနေတာလဲ ။

ဧကနဒီ (Completed) Where stories live. Discover now