အပိုင်း ၁၀

981 56 0
                                    

လောကနိယာမ များကိုဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၁၀

မီးပုံပွဲနေ့ညက......သင်္ခသေရည်သီးရသည့် အကြောင်းရင်းသည်ကား ဤသို့ဤနှယ်။သူတို့ ထိုနေ့က သမားတော်ကြီးဆီမှ အပြန်တွင်ဖြစ်၏။အိမ်ရှေ့စံ၏ အပါးတော်မြဲပီသစွာ သင်္ခတစ်ယောက် အိမ်ရှေ့စံဘေး အရိပ်လို တွဲလျက်ပါရှိနေသည် ဖြစ်သော်လည်း အိမ်ရှေ့စံကိုယ်တော်လေးသည်တော့ သင်္ခကို မျက်လုံးထဲပင် မြင်ပုံမရ။သုန္ဒရမှ သုန္ဒရဖြစ်နေသည်။ သုန္ဒရကလည်း သူ့ကို ရှိသည်ပင်မထင် ။ တက္ကသီလာတွင် ဓားရေး၊ လှံရေး ၊ကိုယ်ခံပညာ လေ့ကျင့်ခဲ့စဥ်က အသံတစ်ချက်မှပင် မထွက်သည့်အရှင့်သားက သုန္ဒရ ဆေးလိမ်းပေးသည့်အချိန်၌............

သူ သေရည်မသီးမှသာ ထူးဆန်းနေမှာပင်။

မဏိရဇ္ဇသည် မီးပုံပွဲပြီးဆုံးပြီးသည့်တိုင်  သုန္ဒရကို သူ့နန်းဆောင်အထိ အပါခေါ်လိုက်ပြီးနောက် အသေအချာ စိုက်ကြည့်ရင်းပြောလာ၏။
''မောင်မင်း သုန္ဒရ လက်ကဆေးစည်းထားရတာဆိုတော့ လှုပ်လို့ရှားလို့ မလွယ်ပေလား~ ဒီတော့ လက်ပြန်ကောင်းတဲ့အထိ မောင်မင်းကိုပဲ ဒုက္ခပေးရတော့မယ်''

သုန္ဒရ မျက်လုံးအပြူးသားဖြစ်သွားသည် ။ အရှင့်သားသည် အိမ်ရှေ့စံကိုယ်တော်လေး ။ခြွေရံသင်းပင်းသည်ကား ရိုက်သတ်၍ပင်မကုန်နိုင်။ တမင်ဒုက္ခပေးသည် ဆိုရအောင်လည်း အရှင့်သားသူ့ကို ဘယ်လောက်ဖူးဖူးမှုတ်အလိုလိုက်မှန်း သူလည်းအသိ။ သူကယောက်ကယက်ဖြစ်နေစဥ် အရှင့်သားကထပ်ပြောလာ၏။

''ငြိုငြင်တာမဟုတ်ပေမဲ့ မောင်မင်းကြောင့်ဖြစ်တာလေ ကိုယ်တော့်ကိုတာဝန်ယူ ''

မင်းအမိန့်ဟူသည် မလိုက်နာ၍ မဖြစ်သည်မို့။မကြည်ဖြူသည့် စိတ်ကိုဘေးချိတ်ရင်း သုန္ဒရ ပြန်ဖြေလိုက်သည်။

''မှန်ပါ့အရှင့်သား''

သို့နှင့် အရှင့်သား၏ တောက်တိုမယ်ရ အခိုင်းအစေ ဖြစ်လာခဲ့တော့သည်။

အရှင့်သား၏နန်းဆောင်သို့ပြန်ရောက်ချင်းပင် အရှင့်သားက ပြောလာ၏။
''သုန္ဒရ ကိုယ်တော် အဝတ်လဲမလို့!''

ဧကနဒီ (Completed) Where stories live. Discover now