အပိုင်း ၃၀

719 40 2
                                    


လောကနိယာမ များကို ဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၃၀

တစ်ဖက်လူ မကြိုက်သည့် စကားကို မဆိုမိလေအောင် ထိန်းသိမ်းရင်း နှစ်ဦးကြား တိတ်ဆိတ်နေမိသည်မှာ ကြာလေပြီ ။ မဏိရဇ္ဇအဖို့လည်း မြတ်နိုးရသူက သိမြင်သူဖြစ်ကြောင်း သိလိုက်ရသည့်အပြင် အပြစ်ဒဏ်ကိုပါ လက်တွေ့ မြင်လိုက်ရသည့်အခါ စကားကို လက်လွတ်စပ္ပယ်မပြောရဲတော့ ။ တစ်ခုခု မှားယွင်းပြောမိကာ မြတ်နိုးရသူ ထိခိုက်မည်ကို စိုးရွံ့လှပါသည် ။ မြတ်နိုးရသူကို နှောင်ဖွဲ့ထားသည့် စည်းတို့ကို ကျော်လွန်မိကာ မြတ်နိုးရသူ ခံစားရမည်က်ု စိုးထိတ်လှပါသည် ။ သို့အတွက် စကားကို သတိထား ပြောနေရသည့်အခါ စကားလုံးတို့က နှုတ်ဆီက ခက်ခဲစွာသာ ထွက်လာတော့သည် ။ ရင်ထဲ‌တွင်တော့ မပြောဖြစ်သည့် စကားလုံးတို့က ပြည့်ကြပ်လျက်။

ပြန်ရတော့မည် ။ ပြန်သွားရတော့မည်။

ထိုအတွေးနှိပ်စက်နေ၍ သုန္ဒရတစ်‌ယောက် သူ သတိပြန်ရစဥ်အချိန်ထဲမှ စိတ်နှင့်ကိုယ်နှင့်မကပ် ။ စိတ်ရှိတိုင်းသာ မဏိကို ပွေ့ဖက်ထားချင်နေမိသည် ။ သူ့ကို အရိပ်တကြည့်ကြည့်နှင့် စကားကို သတိထား ပြောနေသည်ကို မြင်ရသည့်အခါ နေရခက်ကာ စိတ်ထဲ နာကျင်ရပါသည်။ မဏိရဇ္ဇ တစ်ယောက် သူပေးထားသော ဓားကို ကိုယ်နှင့်မကွာ ဆောင်ထားသည်ကို တွေ့ရာ ပျော်မိသည့်နည်းတူ အပြစ်မကင်းစိတ်က ထပ်တူစွာပင် ။

အရာအားလုံးကို မေ့ထားပြီး နှလုံးသားရဲ့ ခေါ်ဆောင်ရာနောက် လိုက်သင့်လား ။

အဖိုးအခ ပေးရမယ်ဆိုလဲ ပေးလိုက်တာပေါ့ ။

သို့သော် သူ့ကို စိတ်ပူစွာ သောကဝေနေသော သူ့ဇာတိလောကမှ မိခင်ဖြစ်သူ၏ ရုပ်သွင် ဝင်ရောက်လာသည့်အခါ သူ ထိုသို့မလုပ်နိုင် ။

ကျိန်းသေပေါက် ကျွန်ုပ်ကို ယုံကြည်ပေးထားမှ ဖြစ်မယ် အရှင့်သား ။ ကျွန်ုပ် မေတ္တာတရားအတွက် တစ်ကိုယ်ကောင်းဆန်စွာ လမ်းတစ်ခုချန် ခဲ့ပါတယ် ။ မြင်အောင်ကြည့်ပေးမှ ဖြစ်မယ် အရှင့်သား ။

တစ်ယောက်ကို တစ်ယောက် အဆင်ပြေရဲ့လား အရိပ်တကြည့်ကြည့် ဖြစ်နေသော်လည်း အတွင်းကျကျ စကားဖလှယ်ဖို့ရန် မဝံ့ရဲစွာ ။ ဤသို့ဖြင့် ဧကနဒီသို့ ပြန်မည့်ရက် ရောက်လာခဲ့ပြီး လမ်းခရီး တစ်လျှောက်တွင်လည်း ထို့အတူပင် ။

ဧကနဒီ (Completed) Where stories live. Discover now