အပိုင်း ၂၂

686 40 4
                                    

ဧကနဒီ (သို့) လောကနိယာမ များကို ဆန့်ကျင်၍
အပိုင်း (၂၂)

ဟရိဏီ၏ ရုတ်ခြည်း အပြုအမူကြောင့် သုန္ဒရ ကြောင်အသွားပြီး ပြောပြောဆိုဆို ဆွဲထူဖို့ လက်ဟန်ပြင်လိုက်သည် ။
“ ဟရိဏီ သင်ဘာတွေ လုပ်နေတာလဲ ထပါ ”

သူ စိတ်မသက်မသာဖြစ်ကာ အနေရခက်သည်ကို ဟရိဏီ ရိပ်မိဟန်တူသည် ။ သူ မထူရသေးမီ ပြန်ရပ်လာ၏။
“ တကယ်တော့ သိမြင်သူတွေဟာ ကိုယ့်ထက် ပါရမီ ကြီးမြတ်သူကို ရိုသေလေးစားကြရတယ် ဒါဟာ စည်းမျဉ်းပဲ ၊ ကျွန်ုပ်က ပါရမီ ရင့်သန်ပြီး ဒီတိုင်းပြည်ကို ကာကွယ်ဖို့ ကောင်းချီးနဲ့ မွေးဖွားလာတာမို့လို့ သိမြင်သူ အရှင်မ ဖြစ်လာခဲ့တာ သိမြင်သူ မျိုးဆက် ဘယ်လို လက်ဆင့်ကမ်းလဲ အရှင် သိလောက်မယ် ထင်ပါတယ် ”

သုန္ဒရ ကြားဖူးနားဝတော့ရှိသည် ။ သို့အတွက် အဖြေပေးလိုက်သည်။
“ ကျွန်ုပ်ကြားဖူးယုံပါ ”

ဟရိဏီက ခေါင်းတစ်ချက် ညိတ်ပြလာပြီးနောက်
“ အဲ့အဖြစ်အပျက်တွေက အမှန်ပါပဲ ၊ တိုင်းပြည်ရဲ့ သိမြင်သူ အရှင်ဟာ သူ့နေရာကို လက်ဆင့်ကမ်းမယ်လို့ ကြေငြာပြီးတာနဲ့ တစ်ပတ်အတွင်း နောက်ထပ် သင့်တော်တဲ့ လူတစ်ယောက်ကို ရွေးချယ်ကြတယ် ၊ အဲ့ဒိသူဟာ ဝေးလံတဲ့ အရပ်မှာ ဖြစ်နေရင်တော့ အဲ့ဒိလူ မြို့တော်ကို ရောက်တဲ့အထိ စောင့်ကြရတယ် ၊ ကျွန်ုပ်ကိုယ်တိုင်ကလည်း ဝေးလံတဲ့ ဇနပုဒ် တစ်ခုက လူရယ်ပါ ”

ဟရိဏီ၏ စကားအဆုံးသတ်က ဝမ်းနည်းရိပ်တို့ လွှမ်းနေသယောင် ။ သုန္ဒရ ခေတ္တ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
“ ကျွန်ုပ်ကို အရှင်လို့ ခေါ်ရတဲ့ အကြောင်းပြချက်ကို ရှာမတွေ့သေးဘူး ၊ သင်ဟာ ပါရမီအထူးချွန်ဆုံး ဖြစ်လို့ပဲ အခု တိုင်းပြည်ရဲ့ သိမြင်သူ အရှင်မ ဖြစ်နေတာ မဟုတ်ဘူးလား ၊ ကျွန်ုပ်က သင့်ထက် ဘာ့ကြောင့် သာနိုင်မှာလဲ ”

မူလပိုင်ရှင် အခြားသော သုန္ဒရ၏ ပါရမီအား နည်းသောကြောင့်လားဟု သူ မမေးမိ။ အကြောင်းမူကား မူလပိုင်ရှင် အခြားသော သုန္ဒရ ရှိမရှိ သူ မသေချာ ။ သူဟာ အိပ်မက်တွေထဲမှာ ဤသုန္ဒရ အဖြစ် ကြီးပြင်းလာခဲ့ရခြင်း မဟုတ်ပေလား ။

ဧကနဒီ (Completed) Where stories live. Discover now