အပိုင်း ၁၇

745 49 0
                                    

ဧကနဒီ အပိုင်း ၁၇

နံနက်စာအဖြစ် တည်ခင်းကျွေးမွေးသော ကောက်ညှင်းပေါင်းကို မဏိတို့ စားသောက်နေစဥ် ယုဝတီဆိုသော သူငယ်မက စပြောလာ၏။
'' အရှင်တို့ ဒီကနေ့ တစ်ရက်လောက် ဆက်နေပါအုံးလား၊ ကနေ့က ဂန္ဓမာလာတောင်စောင့်နတ်မင်းကို ပူဇော်ပွဲ ကျင်းပမဲ့နေမို့လို့ပါ၊ နတ်ဖက်ဖူးစာရေးပွဲလဲရှိသေးတာမို့လို့ ''

သုန္ဒရ နာမည်ကြောင့် စိတ်ဝင်စားသွားမိပြီး မေးလိုက်သည်။
'' နတ်ဖက်ဖူးစာရေးပွဲဟုတ်လား ''

'' အင်း နာမည်က နတ်ဖက်ဖူးစာရေးပွဲ ဆိုပေမဲ့ တကယ်က လုလင်ပျိုဖြစ်ဖြစ်၊လုံမပျိုဖြစ်ဖြစ်နှစ်သက်ရာလူကို ဖွင့်ဟဝန်ခံလို့ရတဲ့ပွဲပါ ၊ အရှင်နတ်မင်းကို ပန်းတွေ၊ သစ်သီးဝလံတွေ ၊ အမွှေးနံ့သာတွေနဲ့ ပူဇော်ပြီးတဲ့နောက်မှာ လုလင်ပျို၊လုံမပျိုတွေက ကိုယ်တိုင် ခူးဆွတ်ထားတဲ့ ပန်းတွေနဲ့ ပန်းမကိုဋ်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပန်းကုံးအဖြစ် နှလုံးသားနဲ့ရင်းလို့ သီကုံးကြပြီး ချစ်ရသူကို ဖွင့်ဟခံကြတယ်၊ တစ်ဖက်လူကလဲ သူ့ဆီက ပန်းကုံးကို လက်ခံပြီး သူ့ကို ပန်းကုံး ပြန်ပေးတဲ့အခါ လှပတဲ့ ချစ်ခြင်းတစ်ခုပေါ့၊ လုလင်ပျိုတွေက များသောအားဖြင့် ပန်းမကိုဋ်ပြုလုပ်လေ့ရှိကြတယ်၊ အဓိပ္ပါယ်က ကိုယ့်နှလုံးသားရဲ့အရှင်သခင်ဖြစ်ပေးနိုင်မလားတဲ့ ၊မိန်းမပျိုတွေကတော့ ပန်းလည်ဆွဲ သီကုံးလေ့ရှိကြတယ်၊မယ့်လည်တိုင်မှာ ဆွဲထားတဲ့ လည်ဆွဲလို နှစ်သက်မြတ်နိုးရပါကြောင်း ဖွင့်ဟကြတာပေါ့၊ နတ်မင်းကိုပူဇော်တဲ့နေ့နဲ့ တစ်နေ့ထဲကျင်းပတာမို့လို့ နတ်ဖက်ဖူးစာရေးပွဲဆိုပြီး အမည်တွင်သွားတာ ''

မဏိလည်း ခေါင်းတညိတ်ညိတ် ဖြင့်ဝင်ပြောလိုက်သည်။
'' ဒါ့ကြောင့်မို့လို့ မိုးသောက်စထဲက လူသံ၊သူသံတွေကြားနေရတာကိုး ''

ယုဝတီသည် ပြုံးလိုက်ရင်း
'' အလှပဆုံးဆိုတဲ့ ပန်းတွေကို သူ့ထက်ငါအပြိုင်အဆိုင် ရှာချင်ကြတာမို့လို့ အစောကြီးထပြီးပန်းခူးဖို့ စိတ်စောနေကြတာလေ ၊ အရှင်တို့ သဘောကရော တစ်နေ့တော့နေမယ်မဟုတ်လား ''

သုန္ဒရသည် ထုံးစံအတိုင်း မဏိကိုကြည့်၍ မေးလိုက်သည်။
'' အရှင့်သား သဘောကရော ''

ဧကနဒီ (Completed) Where stories live. Discover now