အပိုင်း ၃

1.4K 83 2
                                    

လောကနိယာမများကို ဆန့်ကျင့်၍ (သို့)ဧကနဒီ
အပိုင်း၃

မိုးသောက်အချိန်အခါ.......
တစ်ညတာသည် အေးချမ်းစွာ ကုန်လွန်သွားခဲ့လေပြီ။အရှင့်သား မဏိရဇ္ဇ  သည် အပါးတော်မြဲ ကိုယ်ရံတော် သင်္ခ အား ခေါ်လိုက်ကာ...သုန္ဒရ အား ကိုယ်တိုင်ကိုယ်ကျ သွားခေါ်ရန် စေခိုင်းလိုက်၏။အခြားသော ရောင်းရင်းများကိုတော့ အစေခံ တစ်ယောက်ကိုသာ သဝဏ်လွှာပါးခိုင်းလိုက်သည်။

လက်ဝဲရံ အမတ်ကြီး၏ နေအိမ်.....
သင်္ခသည် သုန္ဒရ တို့အိမ်၏ ဧည့်သည်ဆောင်တွင် စောင့်ဆိုင်းနေဆဲ...ခြေသံကြား၍ လှည့်ကြည့်လိုက်သည့်အခါ...အပြုံးတစ်ပွင့်နှင့် သုန္ဒရ ကို တွေ့လိုက်ရသည်။
"မတွေ့တာကြာပြီ သုန္ဒရ....အရှင့်သားက...ရောင်းရင်းမိတ်ဆွေတွေ့ဆုံကြဖို့....ဖိတ်လိုက်တယ်.....ကျန်တဲ့ ရောင်းရင်းတွေလဲ ဖိတ်ထားတယ်.....သုန္ဒရကိုတော့...တစ်ခါထဲ စောင့်ခေါ်လာခဲ့တဲ့''

သုန္ဒရ အပြုံးလေးနှင့် ပြန်ပြောလိုက်သည်။
"အင်း...မတွေ့တာကြာဆို.....သင်နဲ့ အရှင့်သားတို့ တက္ကသီလာ သွားကထဲကဆိုပါတော့....ကျွန်ုပ်လဲ သိပ်မကျန်းမာတာကြောင့် ကျန်တဲ့ ရောင်းရင်းတွေနဲ့ မတွေ့ဖြစ်ပါဘူး.....စက္ကတစ်ယောက်ကတော့...ဖခင်ရဲ့ ကုန်သွယ်လုပ်ငန်းကို ဦးစီးနေပြီလို့တော့ ကြားမိပါရဲ့....''

သင်္ခသည် ပျာပျာသလဲ မေးလာ၏။
"မကျန်းမမာဖြစ်နေတာလား...ဒါကြောင့် သုန္ဒရ ဖြူဖျော့နေတာကိုး...အခုရော နေသာထိုင်သာရှိရဲ့လား.....မအီမသာဖြစ်နေရင်....နားနားနေနေ နေပါ...ကျုပ် အရှင့်သားကို လျှောက်တင်ပေးပါ့မယ်...အရှင့်သားကလဲ..နာမကျန်းဖြစ်နေရက်နဲ့ အနားမယူတာကို သဘောကျမယ် မထင်ဘူး''

"အခု သက်သာနေပါပြီ.....အရှင့်သား မျှော်နေရော့မယ်....ကျွန်ုပ်တို့ သွားကြတာပေါ့.....''
သုန္ဒရ သည် ထိုသို့ပြောလိုက်ရင်း..အစေခံ တစ်ယောက်ယူလာပေးသော မြင်းကိုဆွဲကာ...အိမ်တော်အဝဆီ လျှောက်သွားလိုက်ပြီး....သင်္ခ မြင်းထားခဲ့သည့်နေရာရောက်မှသာ သူလဲ တက်၍ နန်းတော်ဆီသို့ ဦးတည်လိုက်သည်။

သူက ဘာလို့မြင်းစီးတက်ရတာလဲ ဟုတ်စ??သူဆိုတာ သုန္ဒရ ပဲလေ

ဧကနဒီ (Completed) Where stories live. Discover now