ဧကနဒီ (သို့)
လောကနိယာမ များကိုဆန့်ကျင်၍
အပိုင်း၁အမှောင်ယံည လ၏အလင်းရောင်သည် ဖျော့တော့လျက်။မှိတ်တုပ်တုပ် ကြယ်ရောင်အောက် ဖျပ်ခနဲ လင်းလဲ့သွားသည့် အနီရောင် အလင်းတစ်ချက်_
တိတိကျကျဆိုရသော် ပတ္တမြားလက်စွပ်ဝတ်ဆင်ထားသည့် လက်တစ်ဖက် ။ပုံရိပ်ကို သည်းကွဲစွာ မမြင်ရသော်ငြား အနီရောင်ပတ္တမြားက ညအမှောင်ထက် ထင်းလင်းလျက်
ကူရာမဲ့နေသည့် အသံ၊ ဝမ်းနည်းစွာ အက်ကွဲနေသည်ဟု ဆိုနိုင်သည့် ခပ်သဲ့သဲ့အသံ၊ ထိုအသံဟာ သူ့နားတွင်း ပဲ့တင်ထပ်လျက်
သုန္ဒရ......သုန္ဒရ....ကိုယ်တော့်ဆီ ပြန်လာခဲ့.......
သုန္ဒရ တစ်ယောက် တစ်စုံတစ်ယောက်၏ အော်ခေါ်သံကြောင့် လန့်နိုးလာခဲ့ပြီး.........ထ ထိုင်လိုက်သည်။ကုတင်ဘေးရှိနာရီကို ကြည့်လိုက်မိလျှင် မနက် ငါးနာရီသာ ရှိသေးသည်။
တစ်စုံတစ်ယောက်......မဟုတ်....မင်းသားမဏိရဇ္ဇ။ အိပ်မက်ထဲ ထိုလူ၏အသွင်သဏ္ဍာန်ကို သဲကွဲစွာမမြင်လိုက်ရသော်လည်း သုန္ဒရ သေချာသိနေသည်။ထိုသူဟာ ဧကနဒီ၏ အိမ်ရှေ့စံမင်းသား မဏိရဇ္ဇ။
သူသိတတ်စအရွယ်မှစ၍ ထူးဆန်းသော အိပ်မက်များ စမက်ခဲ့သည်။ညအချိန် အိပ်မက်ထဲတွင် သူသည်.........အခြားသော သုန္ဒရ ဖြစ်သွားကာ...ဘဝတစ်ခုကို ဖြတ်သန်းရသည်။ဧကနဒီဟု အမည်တွင်သည့်တိုင်းပြည်။ သူဟာ လက်ဝဲရံအမတ်ကြီး၏သား သုန္ဒရ ။အိမ်ရှေ့စံကိုယ်တော်လေး၏ ကစားဖက်။ သူအရွယ်ရောက်လာသည့်အတိုင်း ထိုသူလဲ ကြီးပြင်းလာသည်။ တစ်ခါတစ်ရံ အိပ်မက်မှ ဘယ်တော့မှ နိုးထလာနိုင်ခြင်းမရှိမည်ကို သူကြောက်ရွံ့မိပါသည်။
ထပ်၍အိပ်မရမည့်အတူတူ....အိမ်အောက်ထပ်သို့ဆင်းလာ၍ နံနက်စာပြင်ဆင်တော့သည်။ သုန္ဒရ တို့အိမ်သည် နှစ်ထပ်တိုက်ပုလေးဖြစ်ကာ နေချင်စဖွယ်လေး ဖြစ်သည်။မိန်းလမ်းမတွင် အိမ်ဆောက်ပစ္စည်း ဆိုင်လေး ဖွင့်ထားနိုင်သဖြင့် စီးပွားရေးအဆင်ပြေသည်ဟုဆိုရမည်။ သူသည် ဟင်းချက်ဝါသနာပါသဖြင့် အမေဆီမှ အမွေအကုန်ဆက်ခံထားသည်ဟုပြော၍ရမည်။
YOU ARE READING
ဧကနဒီ (Completed)
Romance''မောင်မင်းဟာ ကိုယ်တော်ရဲ့ ဧကနဒီပါပဲ သုန္ဒရ'' ဧကနဒီ ပြည်ဆီ အလည်တစ်ခေါက်သွားကြရအောင်လား💜 ကိုယ့်ရဲ့Ficထဲမှာ ပါဝင်သမျှ အကြောင်းအရာတွေက ကိုယ့်ရဲ့ စိတ်ကူးယဥ်မှု သက်သက်သာ ဖြစ်ပါတယ်..ဒီတော့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါနော်။ End Date - 17.9.2023(SUN)