အပိုင်း ၃၁

714 39 2
                                    

လောကနိယာမ များကို ဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၃၁

ဥယျာဉ်တော်ထဲရှိ ကျောက်သားစားပွဲခင်းထားသော နားနေဆောင်ထဲတွင် မဏိရဇ္ဇနှင့် ညီတော်ဖြစ်သူ သိတ္တိတို့ စကားစမြည်ပြောနေကြသည် ။ သိတ္တိသည် အသက်တစ်ဆယ့်နှစ်နှစ်သာ ပြည့်သေးသည့်တိုင် ကျစ်လစ်ထွားကြိုင်းလာလေပြီ။ မဏိရဇ္ဇသည် ညီတော်ဖြစ်သူကို စေ့စေ့ကြည့်လိုက်ရင်း မေးလိုက်သည်။

“ ညီတော် အခု တစ်ဆယ့်နှစ်နှစ်တင်းတင်း ပြည့်ပြီးပြီနော် သိတ္တိ ”

သိတ္တိသည် နောင်တော်ဖြစ်သူက ဘာ့ကြောင့် ရုတ်တရက်မေးလာမှန်း မသိစွာ ကြောင်အသွားမိ၏။

“ မှန်ပါ့နောင်တော် ဘာများအထူးတလည်.. ”

မဏိရဇ္ဇသည် ညီတော်၏ ပခုံးလေးကို အသာပုတ်လိုက်ရင်း
“ ပညာရည်ထူးချွန်တာမှန်ပေမယ့် မင်းညီမင်းသားတို့ တပ်အပ်တာတွေကို ဆထက်တပိုး တိုးသင်လေ ညီငယ် ”

သိတ္တိနားဝေတိမ်တောင် ပြန်မေးလိုက်မိ၏။ ဟုတ်သည် သူဟာ အားကိုးရသည့် နောင်တော် တစ်ယောက်လုံးရှိသည့်အတွက် ပေါ့ပေါ့ပါးပါးသာ ရှင်သန်ဖို့ ဆုံးဖြတ်ထားသူ ဖြစ်သည်။ ဧကနဒီ ထီးနန်းဟာ နောင်တော်အတွက်ပင် ။ သူ၏ နောင်တော်မှလွဲ၍ ဤဂုဏ်ပုဒ်နှင့် ထိုက်လိမ့်မည်သူ မရှိဟူ၍လည်း ခံယူထားသည်။
“ ဘာအတွက်များ ”

ထိုအခိုက်တွင်ပင် နောင်တော်ဖြစ်သူ ဆက်ပြောလာသော စကားကြောင့် ထိတ်လန့်သွားမိတော့၏။

“ အိမ်ရှေ့စံတို့ တပ်အပ်တဲ့ ပညာတွေကို သင်တော့ ညီငယ် ညီငယ် ထီးနန်းရေရာတွေ စိတ်မပါမှန်း သိပေမယ့်လဲ ….”

“ နောင်တော် ဘာတွေပြောနေ ”

အစ်ကိုတော်သည် သူ့ကိုစေ့စေ့ကြည့်ပြီးမှ သက်ပြင်းတစ်ချက် ၊ အပြုံးယဲ့ယဲ့ နှင့်အတူ ပြောလာ၏။

“ ဧကနဒီကို ညီငယ့်လက်ထဲ စိတ်ချချင်ရဲ့ ”

“ နောင်တော်ဘာတွေများပြော ”

မိခင်ဖြစ်သူ ပေးပို့ခိုင်းလိုက်သော လက်လုပ်အဖျော်ရည်အိုးကို အရှင့်သားထံ လာပေးပို့စဉ် မင်းသားနှစ်ပါး၏ စကားဝိုင်းကို ကြားလိုက်ရ၍ သုန္ဒရလက်ထဲ ကိုင်ထားသော မြေအိုး လွတ်ကျကာ အစိတ်စိတ် ကွဲကြေသွားတော့၏။

ဧကနဒီ (Completed) Where stories live. Discover now