လောကနိယာမများကို ဆန့်ကျင်၍(သို့)ဧကနဒီ
အပိုင်း ၃၅
ဧကနဒီကို စွန့်ခွာပြီး၍ ငါးနှစ်ကြာပြီးနောက် ….
ရောက်တုန်းရောက်ခိုက် ရွှေတိဂုံ ဘုရားဆီ ဆုမွန်ပန်ခြွေဖို့ သုန္ဒရ ရည်ရွယ်လိုက်သည် ။ မျှော်လင့်ချက် မထားတော့ပြီ ဆိုသည့်တိုင် မြတ်နိုးရသည့် တစ်စုံတစ်ရာကို ဘယ်စွန့်လွှတ်နိုင်မည်နည်း ။ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ ပြန်ဆုံနိုင်ဖို့ ပြင်းပြစွာ မျှော်လင့်ဆဲပါပင် ။
ရွှေတိဂုံစေတီရင်ပြင်တွင် အခါကြီးရက်ကြီး မဟုတ်သည့်တိုင် လူစည်ကားသည် မဆိုနိုင်သော်လည်း ခြောက်ကပ်နေသည်တော့ မဟုတ် ။
မွေးနေ့နံ ကြာသပတေးထောင့်တွင် ပန်း၊ရေချမ်း ကပ်လှူပြီးနောက် ဆုတောင်းပြည့်လို ပြည့်ငြား မွေးနံတူ ကြာသပတေးသားနှင့် ပြန်တွေ့ရပါလို၏ ဟု လှိုက်လှဲစွာ တောင်းဆုပြုမိပါသည် ။
ပြန်ဆုံခွင့် ရမယ်သာဆို
ပြန်ဆုံခွင့် ရမယ်သာဆို…
သုန္ဒရ သက်ပြင်းအသာချကာ ခါးသက်သက် ရယ်မောရင်း ခေါင်းခါလိုက်မိသည် ။
လက်တွေ့ဘဝမှာ လွယ်ကူပါ့မလား …
ရိုးရိုးလှေကားစောင်းတန်းမှ ပြန်ဆင်းလာရင်း တွေဝေငေးမောနေမိစဉ် သုန္ဒရ၏ လက် ကောက်ဝတ် တစ်ဖက် တင်းခနဲ ဖြစ်သွားတော့၏။
တဒိန်းဒိန်း တုန်ယင်လာသော နှလုံးသွေးတို့နှင့်အတူ မယုံကြည်ရဲစွာ တောင့်တင်းလျက် တဖြည်းဖြည်း လှည့်ကြည့်မိလိုက်လျှင် …..
“ ဟင် … ”
********
ဧကနဒီ ။ ။
မဏိရဇ္ဇသည် ဥယျာဉ်တော်ထဲမှ ကျောက်သားခုံပေါ်တွင် ထိုင်လိုက်ရင်း ရေရွတ်လိုက်မိသည် ။
“ ဘာလို့ ဥယျာဉ်တော်ထဲ ရောက်ရင် သည်နေရာကိုပဲ လာနေမိတာလဲ ”
ဧကနဒီမြစ်ဆိပ်မှ ပြန်လာပြီးထဲက ရင်ထဲ ဗလာ ဖြစ်နေသလို ခံစားချက်က အမြဲ စွဲထင်ဆဲ ။ သူ ရှာဖွေကြည့်သည့်တိုင် အဖြေလုံးဝ ရှာမတွေ့ပေ ။ ဒုတိယမြောက်နှစ်တွင် သူ ထီးနန်းကို ဆက်ခံခဲ့ပြီးနောက် တိုင်းရေးပြည်ရာများ ဖြေရှင်းနေရသဖြင့် ထို အတွေးတို့ကို အဖြေရှာ မအားတော့ ။ သို့တည်းမဟုတ် မရှာဖွေဝံ့စွာ ရှောင်ဖယ်နေသည် ဆိုလျှင် ပိုမှန်ပေမည် ။
YOU ARE READING
ဧကနဒီ (Completed)
Romance''မောင်မင်းဟာ ကိုယ်တော်ရဲ့ ဧကနဒီပါပဲ သုန္ဒရ'' ဧကနဒီ ပြည်ဆီ အလည်တစ်ခေါက်သွားကြရအောင်လား💜 ကိုယ့်ရဲ့Ficထဲမှာ ပါဝင်သမျှ အကြောင်းအရာတွေက ကိုယ့်ရဲ့ စိတ်ကူးယဥ်မှု သက်သက်သာ ဖြစ်ပါတယ်..ဒီတော့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါနော်။ End Date - 17.9.2023(SUN)