လောကနိယာမ များကို ဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၂၉သုဒိဗ္ဗသည် နိုးလျှင်နိုးခြင်း ရင်ခွင်ထဲရှိ အမျိုးသမီးကို တွေ့လိုက်ရ၍ ကြည်နူးစွာ ပြုံးလိုက်မိသည်က အတိုင်းထက်အလွန် ။
“ အိပ်မက်မဟုတ်ဘူးလား တကယ် … တကယ်ဖြစ်ခဲ့တာပဲ ”
ထိုအခိုက် အပါးတော်မြဲ အစေခံ၏ အသံက ထွက်လာ၏။
“ အရှင်မင်းကြီး ရေသုံးသပ်ဖို့… ”သုဒိဗ္ဗခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
“ ဝင်မလာနဲ့ ”သူသည် ဟရိဏီ၏ ပါးပြင်လေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်ရင်း ရေရွတ်မိတော့၏။
“ မြတ်နိုးလိုက်ရတာ ဟရိဏီရယ် ”အိပ်မောကျနေဆဲဟု ထင်ထားသည့်သူဟာ မျက်တောင်လွှာတို့ကို တဖျပ်ဖျပ် ခတ်ရင်း ပြောလာ၏။
“ ကျွန်ုပ်သိပါတယ် အရှင် ”အရှင်… အရှင်တဲ့ စိမ်းကားသလိုပဲ
သုဒိဗ္ဗ တောင်းဆိုလိုက်မိ၏။
“ ညကလို ခေါ်ပေးလို့ ဖြစ်နိုင်မလား ဟရိဏီ ”ဟရိဏီသည် သုဒိဗ္ဗ၏ စကားအဆုံး ရှက်သွေးကြွယ်စွာ တိတ်ဆိတ်သွားမိ၏။ သူ၏ တိတ်ဆိတ်မှုကို သုဒိဗ္ဗက မှားယွင်းယူဆသွားခဲ့ပြီး
“ ဟူး ကိုယ်တော်တောင်းဆိုတာ လွန်သွားတယ် ထင်တယ် လူတစ်ယောက်လုံး အပိုင်ရပြီပဲကို ကိုယ်တော်လောဘ မကြီးသင့်… ”
သုဒိဗ္ဗ … ဂန္ဓမာလာပြည့်ရှင် ထိုသူသာ သူ့အရှေ့တွင်တော့ အမြဲလို ဤသို့ မဝံ့ရဲစွာ ။ တွန့်ဆုတ်စွာ ။ ဤပုံစံဟာ ထိုသူနှင့် မလိုက်ဖက် ။ ဟရိဏီသည် ရှက်ရွံ့နေသည်ကို မပေါ်အောင် ထိန်းချုပ်လိုက်ရင်း
“ မောင်… မောင်တော် ”
သူ့ အသံအဆုံး သုဒိဗ္ဗ မျက်ဝန်းတို့ မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီးမှ ရုတ်တရက်ပြောလာ၏။
“ ကိုယ်တော်တို့ လက်ဆက်ကြမယ်လေ ”
“ ဟင် ”
“ ကိုယ်တော်တို့ လွန်ကျူးပြီးသွားပြီဟာ ဟရိဏီကို တင့်တောင်းတင့်တယ် လက်ဆက်ချင်တယ် ဖြစ်နိုင်မလားဟင် ”
ဟရိဏီသည် ခေါင်းအသာရမ်းပြလိုက်ရင်း
“ လက်ဆက်မင်္ဂလာပြုဖို့က ကြားထဲမှာ အချိန်ယူပါဦး ”
YOU ARE READING
ဧကနဒီ (Completed)
Storie d'amore''မောင်မင်းဟာ ကိုယ်တော်ရဲ့ ဧကနဒီပါပဲ သုန္ဒရ'' ဧကနဒီ ပြည်ဆီ အလည်တစ်ခေါက်သွားကြရအောင်လား💜 ကိုယ့်ရဲ့Ficထဲမှာ ပါဝင်သမျှ အကြောင်းအရာတွေက ကိုယ့်ရဲ့ စိတ်ကူးယဥ်မှု သက်သက်သာ ဖြစ်ပါတယ်..ဒီတော့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါနော်။ End Date - 17.9.2023(SUN)