အပိုင်း ၇

1K 59 0
                                    

လောကနိယာမ များကိုဆန့်ကျင်၍ (သို့) ဧကနဒီ
အပိုင်း ၇

သေနင်္ဂသဘင် ကျင်းပရာ ဒုတိယမြောက်နေ့

''ဝူးးး အိမ်ရှေ့စံကိုယ်တော်လေးကွ!!''

''ရောင်ရင်းရေ ချထားချထား အားမလျှော့နဲ့ အနည်းဆုံးတော့ ကြိုးစားထား''

''ဇမ္ဗူတလူ အိမ်ရှေ့စံကိုယ်တော်လေးကွ !''

မဏိသည် တစ်ဖက်လူ၏ခြေကန်ချက်ကို လှလှပပရှောင်တိမ်းလိုက်ပြီး တစ်ပတ်လှည့်ကာ တံတောင်ဖြင့်တိုက်လိုက်သည်။ ခွန်အားအလုံးစုံ သုံးမထားသော်လည်း တစ်ဖက်လူမှာမခံသာလှ။ သူ၏အရှိန်နှင့်အတူ မြေပေါ်လဲသွားတော့သည်။မဏိရဇ္ဇ သည် ထိုလူမလှုပ်နိုင်အောင် ချုပ်ထားလိုက်၏။
''ဒူ'' ဟူသော အချက်ပေးမောင်းသံနှင့်အတူ သောင်းသောင်းဖျဖျ အော်ဟစ်အားပေးသံများ တစ်ကွင်းလုံး ပြည့်လျှံသွားတော့သည်။

''ရေးးး ဒါမှကျုပ်တို့ရဲ့ ကိုယ်တော်လေးကွ!''

''အရှင့်သားက လက်ရုံးရည်မှာ သူမတူအောင် ထူးချွန်လိုက်တာ''

''လေးမြား ကအစ ဓားရေး လှံရေး မြင်းစီးစွမ်းရည်ထိ အပြစ်ဆိုစရာကိုမရှိဘူး''

''ကျုပ်တို့ ဒီလိုပြည့်စုံတဲ့ မင်းလောင်းတစ်ပါးရထားတာ တကယ့်ကို ရတနာတစ်ပါးပါပဲဗျာ''

''အိမ်ရှေ့စံကိုယ်တော်လေး သက်တော်ရာကျော်ရှည်ပါစေ''

ဧကနဒီ ပြည်သူတို့၏ ဆုတောင်း ထောပနာသံက မိုးသို့ပင် ရိုက်ခတ်လုနီး။

သုန္ဒရ သည် ပြည်သူတို့နည်းတူ ဝမ်းသာအားရလက်ခုပ်သြဘာပေးရင်း လိုက်လံအော်ဟစ်မိသည်။
အရှင့်သားဟာ ပြည်သူတို့ရဲ့မျှော်လင့်ချက် ပြည်သူတို့ရဲ့ကောင်းချီးတစ်ခု~အချစ်တစ်ခုကြောင့်အတွက်နဲ့ မပျက်စီးစေချင်ဘူး~ ကံကြမ္မာကို ပြင်ဆင်ဖို့ ငါကြိုးစားကြည့်ရမယ်~

*******

''သုန္ဒရ ကနေ့ငြိမ်ချက်သားကောင်းလှချည်လား တစ်ခုခုများဖြစ်လို့လား''
စက္ကက မေးလာ၏။

''မဟုတ်တာ ကျွန်ုပ်အဆင်ပြေပါတယ် တစ်ခုခုစဥ်းစား စရာလေးရှိလို့ပါ''
သုန္ဒရ အပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။

ဧကနဒီ (Completed) Where stories live. Discover now